Skip to main content

Tattoo (သို့) အသား အနာခံ၍ ပလီကြခြင်း

Tattoo (TT) တဲ့ ... ဘယ်သူ စထွင်ပြီး ဘယ်ခေတ်က ပေါ်လာလိုက်မှန်းမသိဘူး ... သိလည်း အကျိုးမရှိပါဘူး။ ခန္ဓာကိုယ်ကို အနာခံပြီး လှပအောင်လုပ်ရဲတဲ့ သတ္တိကလည်း သေးတော့မသေးဘူး။ အနောက်နိုင်ငံတွေမှာတော့ ယောင်္ကျားမိန်းမမရွေး TT ထိုးကြတယ်။ ယောင်္ကျားလေးတွေ ထိုးတာကတော့ မဆန်းပါဘူး။ တစ်ချို့က TT ရှိမှ ယောင်္ကျားပီသတယ်လို့ထင်တာရယ် နောက်ပြီး TT ရှိတော့ သူ့ကို လူမိုက်လို့ ထင်စေချင်တာရယ်ကြောင့် အသားအနာခံပြီး ပလီကြတယ်။ "ယောင်္ကျားဆိုတာ စုံရတယ်" ဆိုတဲ့စကားအရ ရှိစေတော့။ မိန်းကလေးတွေ ... အထူးသဖြင့် အနောက်တိုင်း နိုင်ငံတွေမှာပေါ့။ ထိုးလိုက်တဲ့TT ထိုးမရတဲ့ နေရာတွေလောက်ပဲ ကျန်တော့တယ်။ ကျွန်တော့်အမြင်ကတော့ အရူးတွေလို့ထင်တာပဲ။ အသားအနာခံပြီးကို လှပြ မိုက်ပြချင်ကြတယ်။

ငယ်ငယ်တုန်းက မြှောက်ပေးလို့ လုပ်တဲ့လူတွေလည်း အများကြီးပဲ။ "မင်းနဲ့ TT နဲ့ဆိုရင် အရမ်းလိုက်မှာ" "လူရှိန်တာပေါ့ကွာ" စသည်ဖြင့် မြှောက်ပေးလို့ အသားအနာခံပြီး တစ်သက်လုံး ဖျက်မရတော့တဲ့ အရုပ် အကောင်တွေ ဒါမှမဟုတ် ကနုတ်ပန်းတွေ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့သူတွေ အများကြီးပဲ။ ကျွန်တော်တို့ ရွှေနိုင်ငံမှာဆိုရင်တော့ အဲဒီဟာတွေက ဘုရားပွဲတွေက စတာပဲ။ ထိုးတဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကလည်း မသန့်ရှင်း ဒါကိုပဲ ထိုးနေတဲ့သူတွေ တပုံကြီး။ နောက်ပြီး တစ်ချို့က အဲဒီအက်တွေနဲ့ ကျက်သရေမရှိတဲ့ အရိုးခေါင်းတွေ အသားအနာခံပြီး ထိုးကြတယ်။

အမှန်တော့ ဘုရားပွဲတွေမှာ အဲဒီ တက်တူးတွေကို စစ်ဆေး တားမြစ်သင့်နေပြီ။ အဲဒီကနေ ရောဂါရသွားတဲ့ သူတွေလည်း မနည်းတော့ဘူး။ မတားသင့်တဲ့ဟာတွေကျတော့ ဇွတ်တားတယ် တားသင့်တာတွေကျတော့ မတားဘူး။ အင်း ... ဟုတ်တော့ ဟုတ်နေပြီ။ အသားအနာခံပြီး ပလီကြသူများရဲ့ အရုပ်တွေကို ကြည့်ချင်ရင်တော့ ဒီမှာ [Sample Tattoos] ကြည့်ကြပါ။ Wiki မှာပါတဲ့ TT Sample Photo ကိုလည်း တစ်ချက် show လိုက်အုံး။ ကျက်သရေ တစ်စက်မှ မရှိဘူး။ အနောက်ကနေသာ ဖနောင့်တစ်ချက်လောက် ကျွေးလိုက်ချင်တော့တယ်။

Comments

  1. ဒီမှာတော့ ကောင်မလေးတွေလည်း ထိုးကြတယ်။ ခါးနဲ့ တင်ပါးကြားမှာ ထိုးတာ။ အဲ့ဒါ့ကို ပေါ်အောင်ဆိုပြီး ဘောင်းဘီ ချက်ပြုတ် ဝတ်တယ်ဗျာ။ အင်း...သူတို့ဟာနဲ့ သူတို့ ဆိုလည်း ဟုတ်နေတာပဲ။

    ReplyDelete
  2. Anonymous6:38 am

    တက်တူးက ကုန်းဘောင်ကတည်းကဗျ.. ဟား.. ဟား.. အဲတုန်းက ယောက်ျားမှန်သမျှထိုးကြတယ်.. အဟ.. ကျွန်တော်လည်း မထိုးပါဘူး.. အဲတုန်းက မင်းသားတစ်ပါးက မထိုးဘူးလေ.. အဲတော့ မင်းကြီးက သူ့ညီကိုထိုးဖို့ ဆိုပြီး.. ကဗျာတောင်ရှိသေးတယ်.. ဘာပဲဖြစ်ဖြစ်.. မထိုးတာကောင်းပါတယ်.. A တွေဘာတွေက ပေါ်လာပြီဆိုတော့.. :D.. ဟီး..

    ReplyDelete
  3. Anonymous9:29 pm

    >>အနောက်ကနေသာ ဖနောင့်တစ်ချက်လောက် ကျွေးလိုက်ချင်တော့တယ်>>
    ဟား..ဟား..စိတ်ထိန်းသူငယ်ချင်း၊ ကျွေးရစတမ်း ဆိုရင် သူငယ်ချင်းဖနောင့် နာနေအုံးမယ်..:D
    ယောက်ျားကြီးတွေ ထိုးတာတော့ ကြည့်ရရုပ်ဆိုးတယ်ဟ..
    မိန်းကလေးတော့...ဟီဟီး..လှသလားလို့..

    ReplyDelete
  4. ဖနောင့်နဲ့တော့ မပေါက်ပါနဲ့ဗျာ..။ ကောင်မလေးတွေ ထိုးတာတော့ လှပါတယ်။ သြော် .. အနောက်နိုင်ငံက ကောင်မလေးတွေကို ပြောတာပါ။ ဗမာမတွေ တော့ မထိုးစေချင်ဘူး။

    ReplyDelete
  5. ဗမာမတွေ အဲဒီတက်တူး ထိုးတာတွေဆိုရင် အရမ်းချဉ်လွန်းလို့။ ဟော်ကီလုပ်ချင်ကြတာ။

    ReplyDelete
  6. Anonymous8:11 am

    ;) မင်းလို ဖနောင့်နဲ့တော့ မပေါက်ချင်ပေမယ့် .. အသားအနာခံပြီး လူတွေ ဘာလို့ ထိုးကြတယ်ဆိုတာ နားမလည်နိုင်ဘူး ။

    ကြည့်ရတာ ကောင်မလေးတွေ ထိုးတာ မောင်မျိုးတို့ မက်ထရို တို့ကတော့ ရှုစားလို့ ကောင်းနေပုံပဲး)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

Mandalay Bloggers Feeds Network

အကြောင်းအရာ Mandalay Bloggers Feeds Network တည်ထောင်ရန် ရည်ရွယ်ချက် ပြည်တွင်းရှိ မန္တလေး Blogger များ နှင့် ပြည်ပရောက် မန္တလေး Blogger များ၏ သတင်းအချက်အလက်များ ဖန်တီးမှုများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဖတ်ရှူ့ လေ့လာနိုင်ရန်။ အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ မန္တလေး Blogger များအားလုံးကို စည်းစည်းလုံးလုံးနှင့် Feeds Network မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသော မန္တလေး Blogger များ၏ စာရင်းကို ဖော်ပြလိုက်ပါတယ်။ အောက်ဖော်ပြပါ Blogger များအပြင် ကျွန်တော်မသိသေးသော မန္တလေး Blogger များကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ ပါဝင်နိုင်ရန်အတွက် ဒီပို့စ်မှာ Comment ပေး၍သော်လည်းကောင်း chanmyasoe@gmail.com နှင့် myochauhtun@gmail.com သို့ email ပေးပို့၍သော်လည်းကောင်း ဆက်သွယ် ပါဝင်နိုင်ပါတယ်။ Blogger တွေအားလုံးရဲ့အတူပြုချက်ကိုရယူပါမယ်။ ဒါကြောင့် ပါဝင်ချင်တဲ့ ဆန္ဒရှိသူတိုင်းရဲ့ Comment ဒါမှမဟုတ် email ကို စောင့်ပါမယ် ။ သုံးရက်မြောက်လို့မှ Comment ရော email ရော မလာလည်း ... List မှာထည့်ပြီးသားပဲဗျာ ( မှတ်ချက် - ဘာအကြောင်းပြချက်မှ လက်မခံ :D ) တကယ် ပါဝင်စေချင်တဲ့အတွက်ပါ :) မပါဝင်လိုသော ကန့်ကွက်လိုသော Blo...