
မီးမြေခွေးလို့ခေါ်ကြတဲ့ Firefox Browser ရဲ့ မျိုးဆက်သစ် Version ထွက်နေပါပြီ။ Version 2.0 ဖြစ်ပြီး ဒီဇိုင်းလေးတွေ ပိုမိုက်လာတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ IE ကိုတောင် သိပ်သုံးမယ် မထင်ကြတော့ပါဘူး။ မီးမြေခွေးကို အဓိက ကြိုက်ရတာကတော့ Security ပိုင်းရယ် ပြီးတော့ Extensions တွေရယ်ကြောင့်ပါ။ Extension တွေကလည်း တကယ်ပြောမယ်ဆိုရင် မသုံးဖူးတာတွေလည်း အများကြီး ကျန်ပါသေးတယ်။ အဲဒီဟာတွေကြောင့်လည်း မီးမြေခွေးက နာမည်ကြီးတယ် ထင်တာပဲ။ အခုလောလောဆယ် ... ကျွန်တော့် ကွန်ပျူတာရဲ့ Desktop မှာရှိတဲ့ IE icon လေးကတော့ သူ့ကို Click လာမလုပ်တာရယ် မသုံးတာကြာတာရယ်ကြောင့် စိတ်ကောက်နေလေရဲ့။ ဆောရီးပါ ... IE
ငယ်သူငယ်ချင်းကြီး BillGate ကိုလည်း အားတော့နာပါတယ်
... ဟီးဟီး ...
ဒါပေမဲ့လည်း မင်းရဲ့ IE ထက် သုံးလို့ပိုကောင်းနေတော့လည်း မတတ်နိုင်ဘူးကွာ။ ငါ့ကိုခွင့်လွှတ်ပါ။
ီ
Comments
Post a Comment
Thanks for your comment.