Skip to main content

Adobe Captivate 2

သုံးပြီးကြပြီလားတော့ မသိဘူး။ ကျွန်တော်တော့ အခုတလော စမ်းပြီး သုံးကြည့်နေတယ်။ အခု စမ်းနေတာကတော့ Trial Ver. ပဲရှိသေးတယ်။ မဆိုးဘူးဗျ။ AdobeProduct တွေကို သုံးရတာစိတ်ချမ်းသာတယ်။ သုံးပြီသလောက်တော့ ဒီဆော့ဝဲလ်လေးက MS PowerPoint လိုပုံစံပါပဲ။ ဒါပေမဲ့ PP ထက်တော့အများကြီးသာတဲ့ Function တွေပါတယ်။ သဘောကျဆုံးကတော့ On-Screen Presentation နဲ့ SW Demonstration တွေဖန်တီးလို့ ရတာကိုပါပဲ။ အသေးစိတ် ထပ်ပြီးကြည့်ဖို့နဲ့ Trial စမ်းသုံးကြည့်ဖို့အတွက် [ဒီဆိုဒ်ကို] ဆက်လက်ကြွပါ။ သူ့ရဲ့ဈေးကတော့ အလန်ကြီးပဲ။ US$599 တဲ့။ ဘယ်ဈေးဖြစ်ဖြစ်ပါ။ အချိန်တန်ရင် FullVersion ပေးတဲ့ဆိုဒ်လေးတွေပေါ်ကို ရောက်လာလိမ့်မယ်။ လောလောဆယ်တော့ ဘီတားပေါ့။

ဆရာတုံ(မောင်လှ) ပေးတဲ့အတွက် CrackFile ကို ရခဲ့ပါတယ်ခင်ဗျာ ... ကျေးဇူးပါပဲ ကိုတုံ
Crack - http://rapidshare.com/files/9047/CaptureAdapter.rar

Comments

  1. Anonymous5:00 am

    ဖိုးချမ်းရေ...
    ဒီမှာ crack ဖိုင် http://rapidshare.com/files/9047/CaptureAdapter.rar
    စမ်းကြည့်ပြီးရင် ရမရ ပြန်ပြောပါဦး...

    ReplyDelete
  2. ကိုတုံ့ CrackFile ကိုထည့်လိုက်တာ Not for commercial use ကနေ အခု FullVersion ဖြစ်သွားပြီ ... ကျေးဇူးပါပဲ ကိုတုံ
    အရသာရှိရှိသုံးလို့ရသွားပြီ .. ဟဲဟဲ

    ReplyDelete
  3. Anonymous10:48 am

    သုံးပါကွာ ... သုံးပါ... download လုပ်မလို့သွားကြည့်တာ 80MB ကျော်နေလို့ ပြန်လာခဲ့ရတယ်...

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။