အခုတလော တော်တော် သောက်ဖြစ်နေတယ် (ကော်ဖီ)။ တစ်နေ့ကို နှစ်ခွက် အနည်းဆုံးပဲ။ ကော်ဖီတော်တော် စွဲနေပြီလားတော့မသိဘူး။ ညတိုင်းဆို ကော်ဖီပူပူ ခါးခါးလေး သောက်လိုက်ရမှ နေသာထိုင်သာဖြစ်သွားတယ်။ လဘက်ရည် မသောက်ဖြစ်တာလဲပါမှာပါ။ မန်းလေးမှာတုန်းကတော့ လဘက်ရည်ဟေ့ဆိုရင် မင်းသီဟကို ရောက်ပြီးသား။ ဒါမှမဟုတ် လမ်း၈၀ ဘုံကျောင်းနားက TopChoice။ အဲဒီနှစ်ဆိုင်ကတော့ အကြိုက်ဆုံးပဲ။ အခုတော့ လဘက်ရည်နဲ့ဝေးနေတာ တော်တော်ကြာသွားပြီ။ ဒီကလူတွေ ကော်ဖီကို တော်တော်ကြိုက်ကြတယ်။ ကျွန်တော်တို့ မြန်မာတွေ လဘက်ရည် ကြိုက်သလိုပေါ့ဗျာ။ အခုတော့ ကော်ဖီက သောက်လေ စွဲလေလိုဖြစ်နေပြီ။ ကြိုက်တော့လည်း ... ဒုက္ခ
မြန်မာတို့အတွက်
ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း
ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း
အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း
သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း
ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့
ဆရာကြီး မင်းသုဝဏ်
ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း
ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း
အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း
သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း
ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့
ဆရာကြီး မင်းသုဝဏ်
အခုဆိုရင် မန္တလေးမှာ လက်ဘက်ရည် တစ်ခွက်ကို ၃၀၀ တဲ့နော် တစ်နေ့ ၂ ခွက် နှုံးဆိုရင် မလွယ်ဘူး...
ReplyDeleteအဲဒါပေါ့ ငါတို့မြန်မာပြည်ကြီး တိုးတက်တဲ့ (ကုန်ဈေးနှုံး) လက္ခဏာတွေပေါ့
ReplyDelete