Skip to main content

ဖေဖေနဲ့မေမေ ... သားမွေးနေ့ရောက်ပြန်ပြီ

မေမေ နဲ့ ဖေဖေ ... ဒီနေ့ သားရဲ့ မွေးနေ့ရောက်ပြန်ပြီ။ သား ... ဒီနေ့ ဖေဖေနဲ့မေမေကို အရမ်းသတိရတယ်။ ဖေဖေနဲ့မေမေ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့လို့ သား ဒီနေ့ဒီအချိန်ထိ အသက်ရှင် နေထိုင်နိုင်ခဲ့တာပါ။ သား ဒီကနေပဲ ဖေဖေနဲ့မေမေကို ကန်တော့ပါတယ်။ "ဝေးလေလေ မိဘအချစ်တရား ပိုသိလေ" ဆိုတာ သိပ်ကို မှန်တာပဲ။ ဒီနေ့ မေမေနဲ့ဖုန်းပြောပြီတဲ့နောက် သား ဒီစာကို ရေးနေတာပါ။ ဖုန်းပြောနေတဲ့ အချိန်တုန်းက မေမေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သား မေမေရဲ့ အသံကိုကြားတာနဲ့ နားလည်နိုင်ပါတယ် မေမေ။ သားရဲ့ မျက်ရည်တွေကို သား မထိန်းနိုင်ဘူး မေမေ။ ဖေဖေ့ဆီကိုလည်း သား ဒီနေ့ည ဖုန်းဆက်ပါဦးမယ်။ ဖေဖေနဲ့ မေမေ သားကို ပြောခဲ့တဲ့ ဆုံးမစကားတွေကို ကြားမိတိုင်း သားရဲ့ မျက်ရည်တွေက ဘယ်လိုမှ ဟန်မဆောင်နိုင်ခဲ့ဘူး။ မေမေ ဒီနေ့သားအတွက် ဘုရားကို သွားပေးတဲ့ အတွက်ရော မနက်အစောကြီးထပြီး အိမ်ရှေ့မှာ ဆွမ်းလောင်းပေးတဲ့ အတွက်ရော သား အရမ်းကို ကျေးဇူးတင်ပါတယ် မေမေ။ သားလည်း မေမေနဲ့ဖေဖေအတွက် ညအိပ်ရာဝင်တိုင်း ဘုရားမှာ ဆုတောင်းပါတယ်။ သားသမီးနှစ်ယောက်လုံးရဲ့ ရှေ့ရေးအတွက် နိုင်ငံခြားကို မရောက်ရောက်အောင် ကြိုးစားပို့ပေးခဲ့ပြီး ပညာသင်ကြားစေခဲ့တဲ့ ဖေဖေနဲ့ မေမေရဲ့ ကျေးဇူးက အတိုင်းမသိကြီးမားလှပါတယ်။ အသိမိတ်ဆွေတွေ အမျိုးတွေကတော့ ... "သားသမီးနှစ်ယောက်လုံးကို အဝေးမှာပို့ထားတယ်နော်" ဆိုပြီး ဖေဖေနဲ့မေမေ ကို မေးကြမှာပါ။ အဲဒီလိုမေးတဲ့လူတွေကတော့ မိဘမေတ္တာကို သိပ်နားမလည်တဲ့ သူတွေပဲလို့ သား သတ်မှတ်လိုက်တယ်။ မိဘဆိုတာ သားသမီးအတွက်ပဲ ကြည့်ပြီး သူတို့အတွက် ဘာပဲဖြစ်ဖြစ် ဖြစ်ပလေ့စေ ဆိုတဲ့ လူသားမျိုးဆိုတာ သား နားလည်သွားပါပြီ။ သားတို့ မိသားစုကတော့ တစ်နေရာဆီကို ရောက်နေကြတာပဲနော်။ သားတို့ရှေ့ရေးအတွက် ဖေဖေကလည်း ရာသီဥတုကြမ်းပြီး ငှက်ဖျားတောလို့ ပြောလို့ရတဲ့ ဖားကန့်မှာသွားပြီး အလုပ်လုပ်နေတယ် ... ဖေဖေ ... ဖေဖေသားကို ဘယ်လောက်ထိ ချစ်လဲဆိုတာ သားနားလည်ပါတယ်ဖေဖေ။ ဖေဖေဟာ သားကို မေမေထက်စာရင် အလို လိုက်သူပါ။ သားရဲ့ သူငယ်ချင်းတွေအလယ်မှာ သားမျက်နှာ ငယ်မှာကို ဖေဖေအရမ်းကြောက်တယ်ဆိုတာ သားနားလည်ပါတယ်။ ဒါကြောင့်လဲ ဖေဖေ သားကို အရမ်းအလို လိုက်ခဲ့တာ မလား။ ဒါပေမဲ့ သားဟာ တစ်ခါတလေ အလိုလိုက်တော့ အမိုက်စော်ကား လုပ်ခဲ့မိတယ်လေ။ သား အဲဒါတွေကို တွေးမိတိုင်း ဖေဖေနဲ့ မေမေကို ရှိခိုးပြီး တောင်းပန်မိပါတယ်။ မိဘမေတ္တာဆိုတာကို အရင်ကထက်စာရင် သား ပိုပြီးနားလည်လာပါပြီ။ အဲဒီအတွက် သား ကိုယ့်ကိုကိုယ် အရမ်းကျေနပ်မိတယ်။ အသက်တစ်နှစ်ကြီးလာတာရယ် ဘ၀ကပေးတဲ့ သင်ခန်းစာတွေရယ်ပေါ့။

ဖေဖေနဲ့မေမေ ... သားအခုစာရေးနေတဲ့ နေရာလေးဟာ သားရဲ့ မန်းလေးအမှတ်တရ မှတ်တမ်းလေး အဖြစ်နဲ့ရော သား ဒီမှာတွေ့ရတဲ့ အတွေ့အကြုံလေးတွေ ပြီးတော့ သား ... စိတ်ညစ်တဲ့ အခါတိုင်းမှာ ပျော်စရာ ဟာသလေးတွေကို တွေးပြီး လာလာရေးတာပါ။ သားလိုပဲ အိမ်နဲ့ခွဲပြီး အဝေးတစ်နေရာကိုရောက်နေတဲ့သူတွေ သားရေးထားတဲ့ ပျော်စရာ ဟာသစာလေးတွေကို ဖတ်မိပြီး ပျော်ရွှင်နိုင်အောင်လို့ပါ။ ဒါပေမဲ့ သားရဲ့ စိတ်ကလည် တစ်ခါတလေ အရမ်းခက်တယ်။ ခံစားစရာတွေရှိလာပြီဆိုရင်လည်း သား အရမ်းကိုခံစားတတ်တယ်။ ပျော်စရာဆိုရင်လည်း အဆုံးစွန်ထိကို ပျော်လိုက်တယ်။ ဒီနေ့ကတော့ သားရဲ့ ခံစားချက်တွေက အဆုံးစွန်ထိရောက်သွားတယ်။ သား အခုချိန်ထိအိပ်မပျော်သေးဘူး။ သားရဲ့ စိတ်ထဲမှာ ဖေဖေမေမေနဲ့ ပက်သက်တဲ့ ခံစားမှုကြီးကလွှမ်းမိုးထားတယ်။ နောင်ကိုလည်း သားအသက်ဆုံးတဲ့အထိ အမြဲလွှမ်းမိုးနေဦးပါမှာ သားသိပါတယ်။

မွေးနေ့မှာတော့ သား ဘယ်ကိုမှ မသွားတော့ပါဘူး။ မဇူကတော့ သားကို မုန့်လုပ်ကျွေးမယ်လို့တော့ ပြောတယ်။ ပြီးတော့ သားကို အနွေးထည် တစ်ထည် လက်ဆောင်အဖြစ် ၀ယ်ပေးတယ်။ မဇူကလည်း သားကို အရမ်းချစ်ပါတယ်။ အစ်မကြီး အမိရာဆိုတာ သိပ်ကိုမှန်တာပဲ။ အဲဒီတွက် သားကိုယ်တိုင် ဖေဖေနဲ့မေမေရဲ့သား ဖြစ်ရတဲ့အတွက်ရော မောင်တစ်ယောက်ကို အမေတစ်ယောက်လို ချစ်တတ်တဲ့ အစ်မတစ်ယောက် ရထားတဲ့အတွက်ပါ လောကမှာ သားဟာ ကံအကောင်းဆုံးလူသားလို့ ပြောလို့ရသွားပါပြီ။ နောက်ပြီး သားကို အမေတစ်ယောက်လို ချစ်ခင်စောင့်ရှောက်ခဲ့တဲ့ အန်တီငြိမ်းကိုလည်း သားသတိရတယ် အမေ။ သား အန်တီငြိမ်းအတွက်လည်း အိပ်ရာဝင်တိုင်း ဘုရားမှာ ဆုတောင်းပါတယ်။

အခုမွေးနေ့ဟာ သားအတွက်တော့ တကယ်ကို တန်ဖိုးရှိတဲ့ မွေးနေ့လေးပါ။ သားဟာ ဖေဖေမေမေတို့ရဲ့ အဝေးတစ်နေရာမှာ ရောက်နေပေမဲ့လည်း ဖေဖေမေမေတို့ရဲ့ မေတ္တာဓာတ်ဟာ သားအပေါ်မှာ အမြဲလွှမ်းမိုးထားသလို ခံစားရပါတယ်။ ပြီးတော့ သား ကိုယ်တိုင်လည်း ကိုယ့်စိတ်ကိုယ် ကျေနပ်ပါတယ်။ ဘာလို့လဲဆိုတော့ မိဘမေတ္တာကို အနက်ရှိုင်းဆုံးထိ ပိုပြီးနားလည်လာလို့ပါပဲ။

ဖေဖေနဲ့မေမေ ကျန်းမာချမ်းသာပါစေ။

သား ... အိပ်ရာဝင်တော့မယ် ... အခု မနက် သုံးနာရီ ထိုးသွားပြီ။ အဖေနဲ့အမေ အမြဲပြောတဲ့ ကျန်းမာရေးကြီးပေါ့။ အဲဒါကိုလည်း သားဂရုစိုက်ရဦးမယ် မဟုတ်လား။

Comments

  1. Happy Birthday CMS...

    ReplyDelete
  2. Anonymous3:54 pm

    many happy returns of the day!!
    ^^

    ReplyDelete
  3. Thanks. N3 n Anonymous

    ReplyDelete
  4. Happy Birthday, Juz now.. I was about to call you from Gtalk.. but Juz as I clicked your name.. you went offline..=| coincident! neway..

    Auspicious Birthday to you! A sincere wish not like others..

    I also miss my mom and dad whenever my bd comes..

    And I could empathize with you...

    Feel sad, Feel bad..

    But, you must not feel the same.. it's your bd.. and.. You must be happy.. =) Okie!!

    Wish you best luck!

    Thant Zin

    ReplyDelete
  5. HAPPY Birthday .. CMS

    ReplyDelete
  6. Happy Birthday Ko Chan Mya Soe
    sorry, late in here but not in Native Myanmar

    ReplyDelete
  7. Happy Birthday .. my friend CMS :)

    May all your wish come true to you !!!
    May all the happinest come to your life!
    May you be smile for the whole life!!!

    ReplyDelete
  8. ပျော်၇ွင်သောမွေးနေ့ဖြစ်ပါစေ..
    ဒီနေ့..အစ်မသူငယ်ချင်းနှစ်ယောက်၇ဲ့မွေးနေ့လဲဖြစ်ပါတယ။
    နောက်တစ်ယောက်၇ဲ့လက်ထပ်တဲ့နေ့လဲဖြစ်ပါတယ်။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။