ဒီတစ်ပတ်အတွင်း အင်တာနက်ပြန်ရတော့ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်နေမိတယ်။ သတင်းတွေလိုက်ဖတ်လိုက်၊ သီချင်းတွေ ဒေါင်းလုပ်လုပ်လိုက်၊ ချက်တင်ထဲဝင်လိုက်နဲ့ အလုပ်ကိုဖြစ်နေတာပဲ။ ကျောင်းကလည်း ၂၅ ရက်နေ့လောက်မှ ပြန်စမယ်ဆိုတော့ ကျောင်းမဖွင့်ခင် အွန်လိုင်းပေါ်မှာ အဲဗား လိုလိုရောက်နေမိတာပေါ့။ ကျောင်းပြန်ဖွင့်ရင် ကို့စ် အတွက်ထောက်အကူဖြစ်မည့် ၀က်ဆိုဒ်တွေလည်းရှာရအုံးမယ်။ အခုကတည်းကရှာထား ပြင်ဆင်ထားမှဖြစ်မယ်။ နောက်မှဆိုရင်မလွယ်ဘူး။ အဆိုင်းမန့် တွေရော ပရောဂျက်တွေရော လုပ်ရပေအုံးမည်။ ကို့စ်အတွက် ပိုက်ဆံသွင်းဖို့ ကိစ္စလည်းစဉ်းစားရအုံးမယ်။ တစ်ခါတည်းသွင်းရင်တော့ ၇၀၀ သက်သာတယ်။ နှစ်ရစ်ခွဲသွင်းရင်တော့ ဒီတိုင်းပဲ။ တစ်ခါတည်းပဲ ကောင်းပါတယ်။ သက်သာတာပေါ့။ အင်း .. မနက်ဖြန် အလုပ်အတွက် အင်တာဗျူးသွားရအုံးမယ်။ အဆင်ပြေမယ်လို့တော့ထင်တာပဲ။ အလုပ်အတွက်ကလည်း NI Number နဲ့ BankAccount ကလည်း တော်တော်အရေးပါနေတယ်။ NI Number အတွက် အင်တာဗျူးကလည်း ၂၅ ရက်နေ့မှ သွားရမယ်။ အလုပ်က NI ရှိလားမေးရင်တော့ ဒုက္ခ။ မမေးပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ဖြေရမယ်။ ဟူး .. သက်ပြင်းတွေ ဘာလို့အရမ်းချမိနေပါလိမ့်။ သီချင်းတွေနာထောင်ပြီး စိတ်ထဲမှာ ဘာတွေဖြစ်နေမှန်း မသိဘူး။ ဒေါင်းလုပ်လုပ်လိုက် နားထောင်လုက်နဲ့။ ပြီးတော့ ပြဿနာတစ်ခုလည်းတွေ့နေတယ်။ အဆန်းပဲ တစ်ခါမှ မတွေ့ဖူးဘူး။ ကွန်ပျူတာမှာ ဘရောက်ဇာ နှစ်ခုရှိတယ်။ အိုင်အီးနဲ့ မြေခွေး။ အင်တာနက်ကွန်နက်ရှင်က အိုင်အီးနဲ့ကျတော့ အလုပ်မလုပ်ပဲ မြေခွေနဲ့ကျတော့ အလုပ်လုပ်တယ်။ ဘာဖြစ်မှန်းကို မသိဘူး။ သူငယ်ချင်းတွေပြောတဲ့ အတိုင်းလည်းလိုက်လုပ်ကြည့်သေးတယ်။ ဒါပေမဲ့ မရဘူး။ အဆန်းပဲ။ ရှိစေတော့ .. ပြီးမှပဲ ဆားဗစ်ကလူတွေကို ဖုန်းဆက်ပြီး လာလုပ်ခိုင်းတာပဲကောင်းတယ်။ အင်တာနက်ရတာကလည်း ပြဿနာက အခုထိမပြီးနိုင်သေးဘူး။ ဟူး ..။ အခုသီချင်းနားထောင်ရင်း ဒီစာတွေကိုရေးနေတယ်။ ခံစားမှုကတော့ တစ်မျိုးပဲ။ ဒီနေ့တစ်နေကုန် ဘယ်မှလည်းမသွားဘူး။ အခန်းထဲမှာပဲ။ တော်တော်နေနိုင်ပါလားလို့တောင် ကိုယ့်ကိုကိုယ်အံ့သြနေတယ်။ မန္တလေးကသူငယ်ချင်းတွေနဲ့ ချက်တင်မှာသိပ်မတွေ့ဘူး။ မန္တလေးမှာလည်း ကွန်နက်ရှင်က ဖွတ် ကွန်နက်ရှင်ဖြစ်နေတယ်လို့ကြားတယ်။ အဲဒီဒုက္ခကလည်း တော်တော် ဂယက်ရိုက်တယ်။ အဆက်အသွယ်လုပ်ရတာ မကောင်းတော့ဘူး။ စိတ်ညစ်တယ် .. ကွန်နက်ရှင်ရယ်။ ဘယ်တော့မှ ကောင်းကောင်းအဆက်အသွယ်လုပ်နိုင်မလဲ မသိဘူး။ ပြောလို့ကောင်းနေပြီဆို ပျောက်သွားပြန်ပြီ .. ခဏခဏပဲ။ လေတယ်။ မိုးကတော့ မန္တလေးမှာကောင်းနေဆဲပဲတဲ့။ ဒီမှာတော့ နဲနဲပူတယ်။ ညဘက်မှာတော့ အေးနေတယ်။ အခု နေ၀င်တာ စောစောလာပြီ။ အရင်တုန်းက ည ၉ ၀န်းကျင်လောက်မှဝင်တာ အခု ၈ နာရီဆိုနေ၀င်နေပြီ။ နောက်ပိုင်းပိုဆိုးမယ်တဲ့။ ညနေ ၄ နာရီလောက်ဆို ၀င်မယ်ထင်တာပဲ။ ဟာသတော့ ဟာသပဲ။ ညနေ ၄ နာရီ မှောင်နေပြီ။ ဒီနေ့ နေးတစ်မြန်မာ ဖိုရမ်က မန်ဘာတစ်ယောက်ဆီကနေ Message တစ်ခုရတယ်။ ဖတ်ကြည့်တော့ သူက ၁၆ ကျောင်းက ဖြစ်နေတယ်။ ၁၆ကျောင်းသားအချင်းချင်း ပြန်တွေ့ရတာ ၀မ်းသာမိတယ်။ မန္တလေးနဲ့ပက်သက်လို့ အကူအညီလိုရင်ပြောပါတဲ့။ စိတ်ထဲမှာတော့ သူ့ရဲ့ကူညီမှုစိတ်ဓာတ်ကို အသိအမှတ်ပြုမိသွားတယ်။ နောက်ပြီး စင်ကာပူကိုရောက်နေတဲ့ ညီမလေးတစ်ယောက်ဆီကလည်း အီးမေးလ်ရောက်လာတယ်။ သူ အဲဒီကိုရောက်နေမှန်းတော့သိတယ်။ အဆက်အသွယ်မလုပ်ဖြစ်ဘူး။ အခုမှပဲ အဆက်အသွယ်ရတော့တယ်။ ၀မ်းသာပါတယ်။ စင်ကာပူက နေရတာ မကောင်းဘူးတဲ့။ ကျွန်တော်ကတော့ အဲဒီလိုမထင်ဘူး။ ဘာပဲ ပြောပြော မြန်မာနိုင်ငံထက်စာရင်တော့ အခြားဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ပညာတွေ စီးပွားတွေ ရှာလို့ကောင်းတာပဲလေ။ ညီမလေး အဆင်ပြေပါစေ။ ဟူး ... စိတ်ထဲမှာ ရှိတာတွေလည်း တော်တော်ချရေးလိုက်လို့ စိတ်ထဲမှာလဲ တော်တော်ပေါ့သွားပြီ။ သီချင်းနားထောင်ပြီး အိပ်တော့မယ်။ ဒီနေ့စောစောအိပ်မှဖြစ်မယ်။ မနက်ဖြန် စောစောထရမှာဆိုတော့။ နေ့တစ်နေ့ ကုန်သွားပြန်ပြီ ...
စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...
Comments
Post a Comment
Thanks for your comment.