Skip to main content

Fees, Interview & Wimbledon

Course အတွက် ပိုက်ဆံသွင်းခဲ့တယ်။ တစ်ဝက်ပဲ သွင်းခဲ့လိုက်တယ်။ Information တစ်ခု မသိလိုက်တာနဲ့ 10% Discount နဲ့လွဲသွားတယ်။ အခုတော့ 5% ပဲရတော့မယ်တဲ့။ သင်ခန်းစာပေါ့ ... မောင်ဖိုးချမ်းရာ။ မှတ်ပြီလား။ နောက်ဆိုရင် ဘယ် Information မှ မလွတ်စေနဲ့။ ရသမျှ Information အကုန်သာမှတ်ကွာ။

နေ့လည်ပိုင်း Wimbledon သွားပြီး အင်တာဗျူးတစ်ခု သွားဖြေခဲ့တယ်။ Multiple Choice အခု ၈၀ လောက်လုပ်ခဲ့ရတယ်။ Viva ကတော့ ၂မိနစ် လောက်ပဲ ဖြေရတယ်။ မဆိုးပါဘူး။ Wimbledon ကိုသွားရတာ တော်တော်တော့ဝေးတယ်။ Tennis ကွင်းဖက်ကို သွားကြည့်ချင်ပေမဲ့ အချိန်မရလိုက်ဘူး။ အဲဒီဘက်ကို သွားရင် District Line ကိုစီးပြီး သွားရတယ်။ အသွားတုန်းကတော့ သိပ်မကြာသလိုလိုနဲ့ အပြန်ကြတော့ တော်တော်ကြာတယ်။ ၅ နာရီ ၃၀ လောက် Wimbledon ကနေ ပြန်ထွက်လာတာ တိုက်ခန်းကို ပြန်ရောက်တော့ ၈ နာရီ ထိုးခါနီးနေပြီ။ ရုံးဆင်ချိန် မို့လို့လားတော့ မသိဘူး။ ရထားတွေက စောင့်စောင့်နေရတယ်။ ရပ်လိုက် သွားလိုက်နဲ့။ ရပ်တဲ့အချိန်က မောင်းတဲ့အချိန်ထက်များနေတယ်။ အဲဒီပြဿနာက ဒီမှာ အကြီးဆုံးပဲ။ ကြိုကြိုပြီးသွားထားမှ တော်ရုံကျမယ်။ တစ်ခါတလေ Tube Service မရှိဘူးဆိုရင် Bus နဲ့လစ်ရပြီ။ ၁၅မိနစ်လောက်ပဲကြာမဲ့ ခရီးကို ၃၀, ၄၅ မိနစ်လောက် ဖြစ်သွားတယ်။ ၂၅ ရက်နေ့ ရောက်ရင်လည်း NI အတွက် အင်တာဗျူးသွားဖြေရအုံးမယ်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။