Skip to main content

လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်ရှိခြင်း

ဒီတပတ် စနေ၊ တနင်္ဂနွေကတော့ မမေ နှင့် ကိုဝေဖြိုး တို့ရဲ့ကျေးဇူးကြောင့်တော်တော် ဂွတ်သွားပြီ။ အိမ်စာတွေလုပ်ရင်း မမေ ပို့ပေးထားတဲ့ လေးဖြူရဲ့ "ခဏလေးများ"၊ မြေပဲယိုရဲ့ "ရေနွေးကြမ်းနဲ့မြေပဲယို" သီချင်းတွေနဲ့ ငြိမ့်လိုရပြီ။ သီချင်းနတ်သမီးလေး မမေကို ကျေးဇူးတင်ပါတယ်။ ရှဲရှဲ :)

သူများတွေလုပ်ထားတဲ့ လင့်ခ်တွေပါတဲ့ ဘန်နာလေးတွေကို အားကျနေတာကြာပြီ။ အရမ်းလုပ်ချင်နေတယ်။ အခု တော့ ကိုဝေဖြိုးရဲ့ ကျေးဇူးကြောင့် အဆင်ပြေသွားပြီ။ စမ်းသပ်မှုလေးတွေလုပ်လို့ရပြီ။ ဒေါင်းလုပ် လင့်ခ် နှင့် Sample CSS Code ကို ဒီကနေထပ်ပြီး Share လိုက်ပါတယ်။ >> Download Link << >> Sample CSS Code <<

[ ကိုဝေဖြိုးရေ ... ဖြတ်ညှပ်ကပ်လုပ်တယ်ဆိုတာ ... တော်တော်ကျွမ်းတဲ့လူတွေမှ လုပ်တတ်တာနော် ... တော်ရုံတန်ရုံ လောက်နဲ့ မရဘူး ... ကျွန်တော်ကတော့ ဖြတ်ပဲဖြတ်တတ်တယ် (Code တွေ) ... ညှပ်တာတို့ ... ကပ်တာတို့ မလုပ်တတ်သေးဘူး ... အစ်ကို့ဆီက ... သင်ရအုံးမယ် ]

ထပ်မံတွေ့ရှိချက်လေးတွေ http://www.dynamicdrive.com/style/ [05/09/06]

Comments

Popular posts from this blog

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။

eBook : သီပေါမင်းပါတော်မူ အရေးတော်ပုံ - အမျိုးသားပညာဝန် ဦးဖိုးကျား

Download
သီပေါမင်းပါတော်မမူမီနှင့် ပါတော်မူပြီးခါစ နိုင်ငံအခြေအနေ ... ပါတော်မူရခြင်း အကြောင်းအရင်းတို့ကို နိုင်ငံခြားသားတို့က မဟုတ်မမှန် ဖော်ပြရေးသားထားမှုများအား အမျိုးသားပညာဝန် ဦးဖိုးကျားက တုံ့ပြန်ချေပထားသော စာအုပ်

Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe