Skip to main content

မြန်မာ ၀ီကီ လာပြီ

Myanmar Wikipediaမြန်မာဝီကီနော် ... ၀ီစကီမဟုတ်ဘူး .. တော်ကြာ အရက် ကြော်ငြာပေးတယ်မှတ်နေမှာစိုးလို့။ ကျွန်တော်တို့ မြန်မာတွေလည်း တိုးတက်လာပါပြီ (ဘတ်စ်ကားပေါ်)။ အခု Wikipedia ကို မြန်မာလို ဖတ်လို့ရနေပါပြီ။ သုံးထားတဲ့ Font ကတော့ Myanmar1 Font တဲ့။ ကြားတော့ မကြားဖူးဘူး။ ကျွန်တော်ကတော့ ဇော်ဂျီမှ ဇော်ဂျီ။ မြန်မာဝမ်းက သိပ်တော့ အဆင်မပြေသေးပါဘူး။ ဇော်ဂျီလောက် ဖတ်ရတာ ထင်ထင်ရှားရှားမရှိဘူး။ မြန်မာစာနဲ့ ဘာသာပြန်လိုက်တော့လည်း တချို့စာတွေက တမျိုးပဲ။ MainPage ကို ဗဟိုစာမျက်နှာ တဲ့။ တချို့တွေကတော့ မူလအစသို့တဲ့။ ရှိစေတော့။ ပြီးတော့ ရေးထားသေးတယ်။ မြန်မာယူနီကုတ်ကောင်းကောင်းရဖို့ ပညာရှင်များကြိုးစားနေကြသည်တဲ့။ ဇော်ဂျီကိုပဲ လမ်းညွှန်ပေးလိုက်ချင်တယ်။ သုံးကြည့်ပါလို့ မကြိုက်ရင် ပြန်မပေးနဲ့လို့ .. ဟားဟား။ ပြီးတော့ Content မှာ မြန်မာစာလုံး "ည" ပြီးတော့ လာတဲ့ စာလုံးတွေ မတွေ့ဘူး။ ပေါင်းရတာခက်လို့လားတော့ မသိဘူး။ မြန်မာစာမှာ အဲဒါကပြဿနာရယ်။ သိပ်မသုံးတော့တဲ့ စကားလုံးတွေရှိသလိုပဲ (ကျွန်တော် ထင်တာပေါ့)။ ဘာပဲ ပြောပြော မြန်မာဝီကီပေါ်လာတာကတော့ မြန်မာတွေအတွက် ဂုဏ်ယူစရာပါ။ ပြီးတော့ မြန်မာဝီကီမှာ ပို့စ်တွေရေးဖို့အတွက် ဖိတ်ခေါ်ထားတယ်လို့လည်းသိရပါတယ်။

မြန်မာဝီကီပိဒိယ - အခမဲ့လွတ်လပ်စွယ်စုံကျမ်း
(မိုတ်တယ်နော် - မြန်မာလို ပြန်လိုက်တော့လည်း)

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။