13 Sep 2006

ကျွန်တော့်ရဲ့အမြင်

ကိုမျိုးကျော်ထွန်း ဘလော့မှ[လတ်တလော ပြဿနာများ နှင့် ခံစားချက်များ 2006-09-11 11:11:46]

ဟိုတစ်နေ့က ရန်ကုန်သူ တစ်ယောက်က ‘‘ ရှင်တို့ မန္တလေးကလူတွေက တော်တော်လေလုံးထွားတယ်တဲ့ ’’ ‘‘ ပြောလိုက်ရင် မန္တလေး မန္တလေးတဲ့ ’’ ‘‘ ရှင့် ကြည့်ရတာ ဇာတ်ကြိုက်တဲ့ တောသားပုံပဲ၊ အရေးအသားတွေက ဇာတ်သမားပုံပေါက်နေလို့ ’’။ အရေးထဲ ကျွန်တော့် ရဲ့ MountMandalay web site, www.mountmandalay.com ကိုပါ ‘‘ မောင့်မန္တလေး ’’ လို့ ဘာလို့ဒီနာမည်ပေးရတာလဲ၊ ခေါ်ရတဲ့နာမည်က တော်တော်စီးပိုး ဆိုပဲတဲ့ ဗျာ။ ကြံကြံဖန်ဖန် ရန်ကုန်သူရယ် မန္တလေးသားတွေက ‘‘ အပိုမပြောတဲ့ ညိုချောတွေပါ ’’ . . . ‘‘မောင့်မန္တလေး’’ လို့မခေါ်ချင်ရင်လည်း ‘‘ကိုကိုမန္တလေး’’ လို့ခေါ်လို့လဲရပါတယ် ဟဲဟဲ။

မန္တလေးသားတစ်ယောက်ကို အဲဒီလိုပြောလာတဲ့ ရန်ကုန်သူကိုတော့ ကျွန်တော်နဲ့လည်း မသိပါဘူး။ ဒါပေမဲ့ ပြောသင့် မပြောသင့်တော့ စဉ်းစားသင့်ပါတယ်။ ကျွန်တော့်အသိတစ်ယောက်(မလဲ့) ပြောသလိုပဲ မန္တလေးသားတွေက လေလုံးထွားတာမဟုတ်ပါဘူး။ စကားတတ်တာပါ။ အဲဒါကို လေလုံးထွားတယ်လို့ ပြောတာကတော့ မသင့်တော်ဘူးလို့ထင်ပါတယ်။ လေလုံးထွားတယ်ဆိုတာက အကြွားသန်တဲ့သဘောပါ။ မြန်မာနိုင်ငံမှာ ဘယ်မြို့က လူတွေ အကြွားသန်လဲ ဆိုတာကတော့ အားလုံးသိကြမှာပါ။ သိလို့လည်း သီချင်းလေးတစ်ပုဒ်တောင် ဖြစ်လာသေးတာပဲ မဟုတ်လား။ (ဒါတွေက ... ကျွန်တော့်ရဲ့အမြင်ပါ ... မှားချင်လဲမှားမယ် ... မှန်ချင်လည်း ... မှန်မယ်ပေါ့ဗျာ)

ကိုမျိုးကျော်ထွန်း - အစ်ကိုရေးထားတာကိုတော့ သဘောကျတယ်ဗျာ

No comments:

Post a Comment

Thanks for your comment.