
မန္တလေးမုန့်ဟင်းခါးများကိုလည်း လွေးချင်လှ၏။ အထူးသဖြင့် ရသာ မုန့်ဟင်းခါး၊ ငါးဥလေးပါရင်တော့ ပိုဂွတ်၏။ အာပူလျှာပူဆိုရင်တော့ မဟာဇေယျာပုံထဲက ဆိုင်ကိုပဲ သွားသောက်ချင်တယ်။ ငဖယ်သုပ်လေး စားရင်းပေါ့။

ကောက်ညှင်းပေါင်းကတော့ ဘယ်ဆိုင်ကစားစား အရသာရှိ၏။ မင်းသီဟ ကဖေးမှာ အမြဲစားဖြစ်၏။ ဘာဘူ၏ ဗယာကြော်လေးပါရင်တော့ ပိုမြိန်၏။

အခုတော့ ဘိန်းမုန့်၏ အနံ့လေးကိုပင်မရတော့ပါ။ ၃၄လမ်းမှ ဘိန်းမုန့်ဆိုင်များ အရသာရှိလှ၏။ အထူးသဖြင့် ထောပတ်ဘိန်းမုန့်။ လူလည်းအခုတော့ ဘိန်းပြတ်ပြီပေါ့။

အရီးတောင်းဆို လက်ဘက်ကောင်းတဲ့၊ ဦးကျော်သိန်းရယ် ဒီမှာ ဆိုင်ခွဲလေး ဘာလေး လာဖွင့်ပါလားကွယ်။ မှန်မှန်ဝယ်စားဆို စားပါ့မယ်။
Comments
Post a Comment
Thanks for your comment.