မနေ့က တော်သလင်းလပြည့်နေ့ဆိုတာ ညကျမှသိတယ် ဒါတောင် Calendar ကြည့်မိလို့။ မန္တလေးမှာတော့ ဘုရားပွဲတွေစတော့မယ်လို့ ကိုဇော်မိုးအောင်ရေးထားတာတွေ့တယ်။ ပျော်စရာကြီးဗျာ။ ကျောက်တော်ကြီးပွဲကတော့ အစည်ကားဆုံးပေါ့။ စားချင်တဲ့ အစားအစာတွေကလည်းစုံနေအောင် ၀ယ်စားလို့ရတယ်။ စားလိုက် လည်လိုက်နဲ့ ဗိုက်ကိုမပြည့်နိုင်ဘူး။ ပြီးတော့ ဇာတ်ပွဲမှာ ဟာသလေးတွေ သွားကြည့်ရတာလည်း ဖီလင်တမျိုး။ အခုတော့ လပြည့်နေ့ဆိုတာ ဘာမှန်းကိုမသိဘူး။ လပြည့်ဝန်းကြီးကိုကြည့်ပြီး အူကြောင်ကြောင်နဲ့ ဟိုတွေးလိုက် ဒီတွေးလိုက်နဲ့ ...
ဒီနေ့ "နိုင်ငံတကာ စာတတ်မြောက်ရေးနေ့" ပါ။ ဒီနေ့လေး ဖြစ်လာဖို့နဲ့ လူသားအားလုံးစာတတ်ဖို့အတွက် ကြိုးပမ်းနေသူတွေအားလုံးကို လေးစားမိပါတယ်။
http://www.un.org/depts/dhl/literacy/
http://www.myanmar.com/newspaper/kyaymon/Sept08.pdf [page 3]
Comments
Post a Comment
Thanks for your comment.