Skip to main content

ဟူး ... ခက်ပါလား

  • Essay Assignment ဒီနေ့ပြီးသွားပြီ။ ရင်ထဲမှာ တော်တော်ပေါ့သွားတယ်။ ဒါပေမဲ့ Tuesday ကျရင် Presentatin လုပ်ရအုံးမယ်။ မလွယ်ပါလားနော်။ အရင်တုန်းက Presentatin ဆိုရင်လန့်တတ်တယ်သူ အခုတော့ ကောင်းကောင်းကြီး Training မိနေပြီ။ ကောင်းပါတယ်လေ။ တစ်ခါလေ ကိုယ့်ကိုကို မုန်းတဲ့အကြောင်းအရာတွေလည်းရှိတယ်။ လုပ်စရာတွေကတော့ စိတ်ထဲမှာ တန်းစီနေတာပဲ။ ဒါပေမဲ့ လုပ်စရာ သုံးခုလေးခုလောက် ရှိတယ်ဆိုရင် တစ်ခုနှစ်ခုပဲ လုပ်ဖြစ်နေတယ်။ ဘယ်တုန်းကတည်းက ဖြစ်နေတဲ့အကျင့်မှန်းတောင် မသိဘူး။ တစ်ခါလေ စိတ်ကို တော်တော် အလိုလိုက်လွန်းတဲ့သူလို့ ကိုယ့်ကိုကိုယ်ထင်မိတယ်။ အမှန်တော့ အဲဒီစိတ်ဟာ မကောင်းဘူး။ ဖယ်ထုတ်ဖို့လဲ ကြိုးစားနေတယ်။ ဒါပေမဲ့ လက်တွေ့မှာ လေ့ကျင့်တဲ့အဆင့်ပဲဖြစ်နေတယ်။ မလွတ်မြောက်သေးဘူး။ ဟူး ... ခက်ပါလား ...
  • ဒီလထုတ် CEO Magazine မှာ "ဆိုက်ဘာကဖေး တည်ထောင်လိုသော်" ဆိုတဲ့ဆောင်းပါးလေး ပါလာပါတယ်။ စိတ်ဝင်စားသူများ လေ့လာချင်တယ်ဆိုရင် >> Link <<

Comments