Skip to main content

ဝေထွန်း ငါ မုန့်လဲ မစားလိုက်ရဘူး :(

သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ။ ကြည့်စမ်း ... စားနေလိုက်ကြတာ အားရပါးရ .. ဟန်။ ငါကိုကျတော့ မကျွေးဘူး။ ကောင်းပါတယ်။ ကိုမျိုးအောင်လေးကလည်း ဓာတ်ပုံရိုက်တဲ့သူကို ဘာလုပ်ပြနေမှန်းမသိဘူး။ အောင်အောင်ကလည်း ဒီဘက်ကို ပန်းကန်လှမ်းလိုက်အုံးတဲ့ (လိုက်ပွဲပေါ့ .. ဟားဟား)။ ကိုသက်ကြီးတို့ကလည်း သိပ်မစားနိုင်ပါဘူး။ ဇွတ်ကို ပန်းကန်ထဲကို လောင်းထည့်နေတာ .. ဘာတွေလဲတော့ မသိဘူး ဟီးဟီး။ ကိုကျော်ကြီးဆိုတဲ့သူကတော့ ဟင်းထဲမှာ အသားဖတ်တွေ ရှာနေတယ်။ ဇင်ကွန်းဆိုတဲ့ ကောင်လေးကလည်း ဓာတ်ပုံဆရာနဲ့ ရန်ဖြစ်ထားလို့တဲ့ ကျောပေးထားတယ်။ လှည့်ကိုမကြည့်ချင်ဘူးတဲ့။ မိန်းကလေး အုပ်စုကတော့ စကားကို မပြောနိုင်အောင်ပါပဲ။ အလုပ်ရှုပ်တာတော့ မဟုတ်ဘူး။ အစားကို အာရုံရောက်နေကြတာလေ။ ဖန်ခွက်ကိုင်ထားတဲ့ တစ်ယောက်ဆိုရင် ဓာတ်ပုံဆရာကို သေချာကြည့်နေတယ်။ သူ့အမျိုးနဲ့ တူလို့လား မသိဘူး။ အဖိုးဘက်က တော်တာလား အဘွားဘက်က တော်သလားပေါ့ ... ဟီးဟီး
နောက်ထပ် ပုံတစ်ပုံမှာက လေးယောက်ထဲ သပ်သပ်ထိုင်ပြီး အတင်းတုပ်နေကြတယ်။ ဘယ်သူ့အတင်းလဲတော့ မသိပါဘူး။ အပြောခံရတဲ့သူကတော့ လျှာတွေ ခလုပ်တိုက်နေလောက်ပြီ။ ကမ္ဘာ့အတင်းတုပ်ရေး ကော်မတီ အစည်းအဝေး ကျင်းပနေသလားမှတ်ရတယ်။

ဒေါ်ဇင်ဝေထွန်း (လေးလုံး) - ပြန်လာရင် မုန့်ကျွေးဖို့ ပြင်ထား။ :)

Tag: , , ,

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။