Skip to main content

မန္တလေးနှင့်ဆောင်းရာသီအတွေး

အခုတလော ရာသီဥတု နည်းနည်းအေးလာသလိုပဲ။ ဆောင်းရာသီကလည်း စတော့မယ်ထင်တယ်။ ဆောင်းတွင်းကိုတော့ တော်တော်ကြိုက်ပါတယ်။ ဒါပေမဲ့ ကျောင်းတက်ချိန်နော်ကျမှာကိုတော့ မြင်ယောင်မိပါသည်။

မန္တလေးမှာဆို ဆောင်းတွင်းရောက်တိုင်း မေမြို့ကိုသွားချင်တယ်။ ရောက်အောင်လည်းသွားတယ်။ အဲဒီကိုရောက်သွားတိုင်း စိတ်ထဲမှာ ကြည်နူးမှုတစ်မျိုးမျိုးခံစားရသလိုပဲ။ သူငယ်ချင်းတွေအများကြီး စုပြီးသွားရတာ အရမ်းပျော်စရာကောင်းတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ကားနဲ့ပဲ တက်ဖြစ်တာများတယ်။ ဒါပေမဲ့ ဆိုင်ကယ်နှင့်မေမြို့ ကိုတက်ရတဲ့ အရသာကလည်း ဘာနဲ့မှမတူ။ စောစောစီးစီး ၆ နာရီလောက်ထ၊ မင်းသီဟမှာ ကော်ဖီသွားမော့၊ ပြီးတော့ လူစု၊ တပျော်တပါးကြီး မေမြို့ကိုဆိုင်ကယ်နှင့်သွားခဲ့တာတွေက အခုတော့ အရမ်းလွမ်းစရာကောင်းတယ်။ မန္တလေး - မေမြို့ကားလမ်းအတိုင်း တက်သွားပြီးနောက်၊ ၂၁မိုင်ကိုရောက်လျှင် ကြာဆံဟင်းခါးလေးသောက်ရတာလည်း လူကိုနွေးထွေးသွားစေတယ်။ မေမြို့ရောက်လျှင် ပထမဆုံးဝင်ဖြစ်တာက မြို့ဦးစေတီ၊ အရမ်းသာယာတဲ့ မေမြို့ရှု့ခင်းတွေကို လေတဖြူးဖြူးတိုက်နေတဲ့ မြို့ဦးစေတီလေးပေါ်မှကြည့်လိုက်ရလျှင် မေမြို့လာရကျိုးနပ်သွားပြီဟု ခံစားရသည်။ အဲဒီနောက် ဆက်ပြီး ရွေ့ဖြစ်တာက မေမြို့ ဘုရားကြီး (မဟာအံ့ထူးကံသာ)။ အရမ်းကြည်ညိုစရာကောင်းတဲ့ မေမြို့ရဲ့ဂုဏ်ဆောင် ဘုရားတစ်ဆူပါ။ ဘုရားကြီးကနေ ဆင်းလိုက်တာနဲ့ ဘီအီး ရေတံခွန်ကိုတန်းပြီးရောက်သွားတယ်။ ရေဆော့ချင်တဲသူတွေ အတွက်တော့ တော်တော်လေးကိုမိုက်ပါတယ်။ တော်ပြီ .... ဆက်ရေးနေရင် မန္တလေးကိုပိုပြီး သတိရတယ် ... တိုက်ခန်းကိုပဲပြန်တော့မယ်။
IDCS 1&2 MCC MDY

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။