မန္တလေးမှာ ဒီနေ့တော်တော် မိုးကောင်းနေတယ်လို့ သိရပါတယ်။ ကိုတုံရဲ့ ဘလော့ မှာ ရေးထားချက်အရ မနက် ၅ နာရီလောက်ကတည်းက စပြီးရွာနေတာတဲ့။ ကောင်းလိုက်တဲ့မိုး။ မေမေ့တော့ ဒီနေ့ စာသွားသင်ရတာ အဆင်ပြေမှာ မဟုတ်လောက်ဘူး။ မိုးက အရမ်းရွာနေတာဆိုတော့။ တစ်နေကုန်သာ ရွာမယ်ဆိုလို့ကတော့ မန္တလေးမှာ လှေတွေ ငှားစားရင် အလုပ်ဖြစ်လောက်ပြီ။ ဒါပေမဲ့ မိုးရွာတာ အဲဒီလောက်များလွန်းတော့လည်း ရုံးသမားတွေ ကျောင်းသားတွေ အခက်တွေ့တယ်ဗျာ။ ပြီးတော့ ဘုန်းကြီးတွေ။ ဘာမှကို လုပ်လို့မရဘူး။ မန္တလေးကလည်း မိုးရွာရင် ရေ၀ပ်တယ်ဆိုတာ အစဉ်အလာကြီးကို ဖြစ်လို့။ စည်ပင်ကလူတွေကလည်း အခုထိကို ရေမြောင်းတွေကို ရေစီးရေလာကောင်းအောင် မလုပ်တတ်ကြသေးဘူးထင်ပါတယ်။
မျိုးအောင်ရေ ... မင်းတို့တော့ ဒီနေ့ အမ်စီစီမှာ ကျောင်းသားတွေ မလာတာနဲ့ အေးဆေးညိမ့်နေကြတယ်မလား။ မိုးအေးအေးလေးနဲ့ အန်တီဆိုင်မှာ ကော်ဖီပူပူလေး သောက်ခဲ့တာတွေကို မြင်ယောင်မိတယ်ကွာ။
မျိုးအောင်ရေ ... မင်းတို့တော့ ဒီနေ့ အမ်စီစီမှာ ကျောင်းသားတွေ မလာတာနဲ့ အေးဆေးညိမ့်နေကြတယ်မလား။ မိုးအေးအေးလေးနဲ့ အန်တီဆိုင်မှာ ကော်ဖီပူပူလေး သောက်ခဲ့တာတွေကို မြင်ယောင်မိတယ်ကွာ။
Comments
Post a Comment
Thanks for your comment.