Skip to main content

Mandalay on Google Earth

ဟိုတစ်နေ့က ကိုမျိုးကျော်ထွန်း ဘလော့မှာ ကွန့်မန့်ပေးရင်း Google ကကောင်တွေကို ကြိမ်ဆဲလိုက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်တို့မန္တလေးက Google Earth မှာ ၀ါးတားတား ဖြစ်နေတာကိုး။ ရန်ကုန်ကတော့ တော်တော်ကို ကောင်းကောင်းမြင်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကြိမ်ဆဲတာများ သိသွားလားတော့ မသိဘူး :) Google Earth ကို update လုပ်လိုက်ပြီ။ အဲဒီ သတင်းကို NativeMyanmarForum မှာ ကိုညီလင်းဆက် ၀င်ရေးသွားလို့ သိရတယ်။ ကျေးဇူးပါပဲ ကိုညီလင်းဆက်။ ကျွန်တော်တို့ အဝေးရောက် မန္တလေးးသူ မန္တလေးသားတွေလည်း မန္တလေးမြို့ရဲ့ပုံတွေကိုကြည့်ရင်း အလွမ်းဖြေနိုင်ကြပြီပေါ့ဗျာ။ မောင် ဂူဂယ်တို့ရဲ့ ကျေးဇူးက အင်မတန်ကြီးမားပါပေတယ်။ chat ဆိုလည်း ချက်မို့လို့ earth ဆိုလည်း earth မို့လို့ search ဆိုလည်း search မို့လို့ .. တော်ပါပေတယ်။ ကိုညီလင်းဆက်ပေးထားတဲ့ ဆိုဒ်လေးရှိသေးတယ်။ သူကတော့ ဆော့ဝဲမလိုပဲ အွန်လိုင်းကနေပဲ ကြည့်တာပေါ့။ Flash Earth တဲ့။ ကျွန်တော်ကတော့ အားမရဘူး။ Google Earth ကို Download လုပ်ပြီးကြည့်တယ်။ [ Download Link ] ဘာပဲပြောပြော ဒီနေ့ မန္တလေးက နေရာတော်တော်များများကို ရောက်သွားတယ်။ Google Earth ထဲကနေပြီးတော့ပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက မန္တလေးမြောက်ပြင်ဘက်ပိုင်း (ကျုံးရဲ့မြောက်ဘက်) က သိပ်ပြီး မထင်ရှားသေးဘူး။ ဘာလို့လဲတော့ မသိ။ ဒီကောင်တွေ Half Feel ကြီး လုပ်ထားတာလားတော့ စဉ်းစားစရာ။ မန္တလေးတောင်ကို မမြင်ရဘူးဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်ငယ်ငယ်တုန်းက နေခဲ့တဲ့ ရန်ကင်းတောင်ခြေက သမ၀ါယမကောလိပ်ဝင်းကြီးကိုရော မြင်ရတယ်။ မန္တလေးတောင်ကတော့ နောက်ပိုင်းမှ ပါလာမလား မသိဘူး။ မောင် ဂူဂယ်တို့ရေ ... မြန်မြန် update ထပ်လုပ်ပါတော့ဗျို့ ...
  • ကျွန်တော်တို့ မန္တလေးရဲ့ BirdEyesView ပေါ့ဗျာ။ သေချာကြည့်ကြည့်နော် မန္တလေးတောင်ဘက်မှာ ကျောက်စိမ်းတွေထွက်နေတယ် မယုံမရှိနဲ့ :) (Foto)

  • ဒါက နောက်တစ်မျိုး(Foto)

  • ဒါကတော့ ကျွန်တော်တို့ မန္တလေးရဲ့ နှမ်းတောကြီး ပေါ့ဗျာ ... အဲ .. မှားလို့ .. နန်းတော်ကြီး ပေါ့ .. မင်းတုန်းမင်းကြီး ပျော်ပါးသွားခဲ့တဲ့ နေရာလို့လည်း ပြောလို့ရတယ်ဗျ :) (Foto)

  • အိမ်ကိုလွမ်းလို့ သွားသေးတယ်။ ဘယ်သူမှ ကျွန်တော့်ကို မမြင်လိုက်ဘူး ဟားဟား။ အိမ်က ကျုံးရဲ့အရှေ့ဘက် နန်းရှေ့မှာလေ (ဘာတဲ့ .. ဟင်္သာတို့ရဲ့ နန်းတော်ရှေ့ ဟင်္သာတို့ရဲ့ နန်းတော်ရှေ့ ..ဆိုပြီးတော့လေ မာရဇ်ဇဆိုထားတာ .. ဟဲဟဲ) (Foto)

  • အိမ်နားလေးက ပန်တျာကျောင်းကိုပါ ၀င်ခဲ့သေးတယ်။ ဒီလိုဆိုတော့လည်း မန္တလေးပန်တျာကျောင်းက လှမှလှ။ ပန်တျာကျောင်းကနေ ဆက်ထွက်လာတာ CafeCity နားရောက်တော့ ဘီယာနံ့လေးက နာခေါင်းထဲကိုဝင်လာတယ် ... တဂျားရယ် ၀၀ မော့လိုက်ရရင်တော့ကွာ ဟားဟား (Foto)

  • နောက်ပြီး ငယ်ငယ်တုန်းကနေခဲ့တဲ့ နေရာလည်း ရောက်သွားသေးတယ်။ ရန်ကင်းတောင်ခြေက သမ၀ါယမကော်လိပ်လေ။ ရှင်းလင်းနေတာပဲ .. မဆိုးဘူး (Foto)

  • ရန်ကင်းတော်ပေါ်လည်း တက်ခဲ့သေးတယ်။ အဲဒီကအဆင်း တောင်ခြေက ထန်းတော့ဝင်မလို့လုပ်သေးတယ် တော်ကြာ အပြန်မူးပြီး Thai မှာ ပြုတ်ကျနေမှာစိုးလို့ .. ဟားဟား (Foto)

  • အဲဒီက အပြန် ၂၆ B လမ်းကျုံဒေါင့်ကနေ ထိုင်ပြီး အသိလေး ဘာလေးများ တွေ့မလား ရှာခဲ့သေးတယ်။ မတွေ့ပါဘူး။ မန္တလေးကလူတွေ လှေလှော်သင်တန်း သွားတက်နေကြလို့တဲ့လေ။ ဟားဟား Sedona Hotel နဲ့ Swan Hotel ကလည်း အလှပြိုင်နေသလား အောင်းမေ့ရတယ်ဗျာ ကြည့်ကြည့်ပါအုံး (Foto)

  • တလက်စတည်း နီးနေနဲ့ ကျွန်တော်ရဲ့ High School လေးကိုလည်း ၀င်ကြည့်ခဲ့သေးတယ်။ ဆရာမတွေကတော့ မအားဘူးဗျ .. စာသင်နေကြတယ် (Foto)

  • ရတနာပုံဈေးကိုလည်း ရောက်ခဲ့သေးတယ်ဗျား။ မန္တလေး ရတနာပုံဈေးကြီးကလည်း ဒီလို အပေါ်စီးကနေကြည့်တော့လည်း သူမှ သူဗျာ။ အဲဒီမှာ သူငယ်ချင်းတွေတော့ အလုပ်ရှုပ်နေကြတယ်ဗျာ။ ကိုမျိုးအောင်တို့ ကိုတီလုံးတို့ ကျက်စားရာ နေရာတွေပေါ့။ MCC, Orange SuperMarket, MICT Park, Relax, SkyWalk စတဲ့ မန္တလေးဂုဏ်ဆောင်တဲ့ နေရာတွေကလည်း အဲဒီဈေးကြီးမှာပဲ ရှိတာဗျ (Foto)

  • မန္တလေးဘူတာကြီးကိုလည်း ၀င်ကြည့်ခဲ့သေးတယ်။ ရထားတွေ အချိန်မှ မှန်ရဲ့လားပေါ့ .. ဟားဟား (Foto)

  • ပြီးတော့ နာရီစင်ကြီးနား ... မန္တလေး ဈေးချိုတော် .. အခုတော့ အသစ်ဆောက်ပြီးသွားလို့ ဆိုင်ခန်းတွေတောင် ရောင်းနေပြီတဲ့။ ဒါပေမဲ့ နာမည်ကသာ ဈေးချိုပါ အခုတော့သူလည်း ဈေးတွေမချိုနိုင်တော့ဘူး။ ကုန်ဈေးနှုန်းက on the elephant ဖြစ်နေတာကိုး (Foto)

ဒီနေ့တော့ သွားရတာ တော်တော်မောသွားပြီ။ ဟူး .. နောက်နေ့မှပဲ ဆက်သွားတော့မယ်။ လိုက်မယ့်သူရှိရင် ပြောနော် လမ်းညွှန်လုပ်ပေးမယ် အလကားတော့မရဘူး ... ဘီယာတိုက်ရမယ် .. ဟားဟား

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။