eCommerce module မှာ CourseWork တစ်ခုလုပ်ရမယ်။ DatabaseDriven ဆိုဒ်တစ်ခု လုပ်ရမှာ။ အဲဒီအတွက် ကိုယ်ပိုင် Domain ၀ယ်ပြီး Run ရမယ်တဲ့။ ဒီတိုင်းပြလည်း ရနေတာကိုပဲ။ ကျောင်းကလည်း တော်တော်ကွန့်တယ်။ ၀ယ်မယ်လို့လိုက်ရှာတော့ CourseLeader က www.namecheap.com ကို recommend လုပ်တယ်။ ဒါနဲ့ပဲ အဲဒီမှာ ၀ယ်ဖြစ်သွားတယ်။ .com domain အတွက် တစ်နှစ်စာကို 8.8$ ပဲပေးရတယ်။ pound နဲ့ ဆိုရင်တော့ 5p လောက်ပဲကျမယ်ထင်တယ်။ Hosting ကတော့ ကျောင်းရဲ့ server မှာတင်ထားရုံပဲ။ အဲဒါတော့ မဆိုးဘူး။ Course Work အတွက်ကို GoogleGroup မှာလည်း ၀င်ပြီးဆွေးနွေးခိုင်းတယ်။ အပြန်အလှန် ဆွေးနွေးပေါ့။ သိတဲ့လူက ဖြေသွားပေးလိမ့်မယ်။ အဲဒီ function လေးလည်း မိုက်တယ်။ မသိတာရှိမေး သိတဲ့လူဖြေ ဘယ်လောက်ကောင်းလဲ။ အင်တာနက်ထဲကနေရတဲ့ အဲဒီ အကျိုးအမြတ်တွေကတော့ အရမ်းမိုက်တယ်။
ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...
ကျွန်တော် ဂိုးဒယ်ဒီ ကို ရီကော်မန်း လုပ်ပါရစေ။ နောက်ဝယ်တဲ့ အခါ တချက် သွားကြည့်ကြည့်ပါ။
ReplyDeleteဟုတ်ကဲ့ ကိုသန့်ဇင်အောင် ကျေးဇူးပါပဲဗျာ :)
ReplyDelete