လာပြန်ပြီ ပရောဂျက်အပြင် ... CourseWork တဲ့။ လုပ်ရာမှာက eCommerce နဲ့ AdvancedDatabase အတွက်။ eCom: ကတော့ ကြိုက်တာနဲ့ ဖန်တီးကြပါတဲ့။ DB ကတော့ Oracle နဲ့တဲ့။ ကောင်းဗျာ .. Oracle ကလည်း သိပ်မသုံးဘူးဖူး။ အဲဒါနဲ့ Library သွားပြီး စာအုပ်ငှားပြီး ဖတ်မယ်ပေါ့။ သွားလည်း သွားရော မှန်းချက်နဲ့ နှမ်းထွက်နဲ့က မကိုက်ဘူးဖြစ်နေတယ်။ လိုချင်တဲ့ စာအုပ်တွေက ShortLoan စာရင်းထဲမှာပါနေတယ်။ ငှားပြီး ကြည့်ရင်တောင် ၂နာရီ ၃နာရီ ဆိုတာ အများဆုံးပဲ။ ပြီးရင် ပြန်ထားတဲ့ ... လေပါတီ မမြရင်ပါပဲ။ ၀ယ်ရင်လည်း ပိုက်ပိုက်ထိတယ်။ အဲဒါနဲ့စဉ်းစားတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ သတိရလိုက်တာက Free eBook တွေ။ နောက်ဆုံးလုပ်ရမှာက အဲဒီမှာပဲရှိတော့တယ်။ အဲဒီအချိန်မှာ ကိုဘုရင့်နောင်လေးကို တော်တော်ကို ကျေးဇူးတင်မိဗျား။ သူပေးတဲ့ website (www.mininova.org/) က movie file တွေတင်မကပဲ ebook တွေရော software တွေပါ download လုပ်လို့ရတယ်။ ဒါပေမဲ့ download လုပ်ဖို့ software လေးတစ်ခုတော့ လိုတယ်။ အဲဒါက bitlord (www.bitlord.com). အဲဒီမှာ software လေးကိုယူပြီး ကြိုက်သလောက်သာ ဆွဲချပေတော့ပဲ။ တော်တော် ဂွတ်တယ်။
နောက်ပြီး Computer နဲ့ ပက်သက်တဲ့ ebook တွေ ရနိုင်မည့် နေရာများကို သိတော်မူကြတဲ့သူများလည်း ရှဲတော်မူကြပါအုံးဗျာ ... ကျွန်တော်တို့သူငယ်ချင်းတွေ ပြောနေကြစကားနဲ့ ပြောမယ်ဆိုရင်တော့ 'ဗိုလ်မှူး .... လုပ်အုံး' လို့ပဲပြောရတော့မှာပေါ့။ အဲဒီစကားလေးကလည်း သမိုင်းကြောင်းနဲ့လာတာ ခင်ဗျ ... သင်္ကြန်တွင်းမှာဖြစ်ခဲ့တဲ့ သမိုင်းကြောင်းလေးပါ။ နောက်ပိုင်းမှပဲ ရှင်းပြပါတော့မယ်။ လောလောဆယ်တော့ ebook ရှာပုံတော် ဖွင့်လိုက်အုံးမယ်။
Comments
Post a Comment
Thanks for your comment.