Skip to main content

ဓာတ်တော်ချိုင့် အမှတ်တရ - ၂

ဒါကတော့ ရေတံခွန်မှာ ရေမဆော့ခင် အမှတ်တရပေါ့ဗျာ။

ဓာတ်တော်ချိုင့် ရေတံခွန်ဟာ မေမြို့အနီးစခန်း နားမှာရှိပြီး သွားရတာ အရမ်းဝေးပါတယ်။ အကွေ့ပေါင်း ၂၀ ကျော်ရှိပါတယ်။ အသွားလမ်းကတော့ ကုန်းဆင်းပုံစံမျိုးပါပဲ။ သိပ်တော့ မမောဘူးပေါ့။ ဒါပေမဲ့ ဘယ်လောက်မောမောပါ ရေတံခွန်ကို ရောက်ပြီဆိုတာနဲ့ စိတ်က အလိုလို လန်းဆန်းသွားတယ်။ ရေတံခွန်အောက်မှာ လေကလည်း တဖြူးဖြူးပါပဲ။ အေးလည်းအေးတယ်။ ပြီးတော့ အအေး(ရှက်ကီအပါအ၀င်)နဲ့ ကော်ဖီပဲ ရောင်းတဲ့ ဆိုင်လေး တစ်ဆိုင် နှစ်ဆိုင်လောက် ရှိနေတတ်တယ်။ အဲဒီလို နေရာထိလာဖွင့်တယ်ဆိုတော့ ဈေးကဘယ်လောက်ရှိမလဲ ဆိုတာ သိလောက်ရောပေါ့ဗျာ။ ဒါကလည်း သူတို့ရဲ့ဂွင်ကိုး။ ဂွင်ထဲဝင်လာမှာတော့ ဂျောင်ပိတ်ပြီး ရိုက်တော့တာပေါ့ဗျာ။ အထူးအဆန်းတော့ မဟုတ်ပါဘူး။ "အလောင်းတော်ကဿဖ"က ဆိုင်တွေလည်း အလားတူပါပဲ။ ထမင်းဆီဆန်းတစ်ပွဲ ၃၀၀ ရောင်းတဲ့သူကရောင်း ၅၀၀ ရောင်းတဲ့သူက ရောင်းပေါ့ဗျာ။ အဲဒါက ဆိုင်တွေအကြောင်းပေါ့ဗျာ။

ပြီးတော့ ရေတံခွန်အနီးမှာ ဘုရားလေးနှစ်ဆူ သုံးဆူလည်း ရှိတယ်။ နင်္ဂါးရုံဘုရားတစ်ဆူလည်း ရှိတယ်။ ရေနဲ့ပက်သက်တဲ့ နေရာဆိုတော့ နင်္ဂါးတွေ စောင့်ရှောက်တယ်လို့ ယုံကြည်ကြတယ်လေ။ နောက်ပြီး ကြိုးတံတားလေးလဲရှိတယ်။ ဆွေးမြေ့နေလို့ ဘယ်သူမှ မလျောက်ကြပါဘူး။ ရေတံခွန်ခြေရင်းမှာလည်း ရွှေဒင်္ဂါး ရှာကြသူတွေ၊ စကိတ်စီးကြသူတွေ၊ တင်ပါးလေ့ကျင့်ခန်းလုပ်ကြသူတွေကို တွေ့ရတတ်တယ်ဗျ။ ဘာကြောင့်လဲဆိုတာ ရှင်းပြအံ့။

ဓာတ်တော်ချိုင့် ရေတံခွန်က ရေတွေဟာ တော်တော်မြင့်ရာကနေ ကျဆင်းလာတာပါ။ ပြီးတော့ လေကလည်းတိုက်တယ်လေ။ ဒါကြောင့် ရေတံခွန်ခြေရင်းက မြေသားတွေပေါ်ကို ရေမှုန်လေးတွေ အဆက်မပြတ်ကျနေတော့တာပေါ့။ အဲဒီတော့ မြေပြင်အနေအထားကို ခန့်မှန်းသာကြည့်ကြပေါ့တော့ဗျာ။ ထို့ကြောင့် အထက်ပါ အကြောင်းအရာများဖြစ်တဲ့ ရွှေဒင်္ဂါးရှာကြခြင်း၊ စကိတ်စီးကြခြင်း၊ တင်ပါးလေ့ကျင့်ခန်းလုပ်ကြခြင်း စတာတွေကို တွေနေရတော့တာပေါ့ဗျာ :)

ဒီပုံကတော့ ဓာတ်တော်ချိုင့်ကနေ အပြန်မှာ ရိုက်ထားတဲ့ဓာတ်ပုံပါ။ နောက်ခံတောင်တန်းတွေ ရှူ့ခင်းတွေကတော့ ဂွတ်ပါတယ်။

ပုံထဲမှာ အိပ်ချင်မူးတူး ဖြစ်နေတဲ့ သူတစ်ယောက်ကိုလည်း သတိထားမိကြမှာပါ။ ... ဟီးဟီး

ကျွန်တော်တို့သွားတဲ့နေ့က ဇန်န၀ါရီလ ၁ ရက်နေ့ပါ။ ကျန်တဲ့သူငယ်ချင်းတွေကတော့ NewYear ကြိုဆိုပြီးတာနဲ့ အိပ်ကြတယ်ထင်ပါတယ်။ မျက်နှာလေးတွေ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ပေါ့။ အဲဒီလူကတော့ သူတို့မနက်သွားမယ်လို့လာခေါ်တဲ့ အချိန်အထိ တစ်ရေးမှ မအိပ်ခဲ့ရပါ။ [ တစ်ညလုံး လျောက်လည်၊ ပြန်လာတော့ မီးပုံပွဲလေးလုပ်၊ ကုလားကားလေးကြည့်ရင်း မနက်ရောက်သွားခဲ့လို့တဲ့လေ ] အဲဒီတော့ ဓာတ်တော်ချိုင့် အတက်လမ်းကို ဘယ်ပုံ ဘယ်နည်းနဲ့တက်မလဲ ... မိတ်ဆွေများ စဉ်းစားသာ ကြည့်ကြပါကုန်။

အဆင်းကတော့ .. ဘာမှမဖြစ် .. အတက်လမ်းမှာတော့ .. ကိုယ့်ခြေထောက်ကိုယ်ကို ရေတံခွန်မှာပဲ ထားခဲ့ချင်လောက်အောင် စိတ်ပျက်စရာကောင်းသည်။ ညောင်းကိုက်ပြီး ဘာမှကို မလှုပ်ချင် မကိုင်ချင်တော့တာ အမှန်ပဲ။ သို့်သော် သီချင်းလေးတွေ ညီးရင်း တက်ခဲ့ကြတယ်။

အသွားလမ်း အပြန်လမ်းတွေမှာလည်း အအေးတွေကို ခြင်းတွေနဲ့ထည့်ပြီး လိုက်ရောင်းတဲ့သူတွေ ရှိသေးတယ်။ ၀ယ်သာသောက်ရတယ်။ ဈေးကတော့ သိတဲ့အတိုင်း။ နဘန်ရိုက်ခံရပြီး သောက်ရသလားအောင်းမေ့ရတယ်။ မကြားဘူးတဲ့ ဈေးတွေ။ တစ်ခုတော့ရှိတယ် ... သူတို့ဆီက အအေးဝယ်သောက်တဲ့သူ မောလို့ မတက်နိုင်တော့လျှင် ကူညီပြီးတော့ တွဲပေးရှာသည်။ မတွဲပေးလျှင်လည်း မျက်နှာပြောင်လွန်းရာ ကျမည်မဟုတ်ပါလား။ လမ်းမှာ အထမ်းသမားတွေကိုလည်း တစ်ခါတလေတွေ့ရသည်။ ဇိမ်တော့ ကျလိမ့်မည်။ သို့သော် ဈေးကတော့ ကြီးမည် (ဗေဒင် မေးမနေနဲ့)။

သည်လိုနဲ့ အတက်လမ်းမှာ သီချင်းလေးတွေ ဟစ်လိုက်။ နားလိုက် တက်လိုက်နှင့်ပင် ရေတံခွန်ပေါ် ကား ထားရာနေရာသို့ ပြန်ရောက်ခဲ့ကြသည်။ နောက်ပြီး အပေါ်ကို ပြန်ရောက်ပြီဆိုရင် လူတိုင်းပြောကြသည် "ဟူး .. နောက်ဆို မလာတော့ဘူး .. လန့်သွားပြီ" ... "နိုးပဲ" တဲ့။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုပြောဘူးသည်။ သို့သော် ... အဲဒီလိုပြောပြီးနောက်ပိုင်း ကျွန်တော်ရောက်တာ ၄ ခေါက် ရှိသွားခဲ့လေပြီ။

[ ကျွန်တော်တို့အဖွဲ့ ဓာတ်တောချိုင့်သို့ သွားပြီးနောက် မေမြို့သို့ ဆက်လက် ချီတက်ခဲ့ကြသည်။ မေမြို့တွင် လက်ဆော့ခဲ့သော ဓာတ်ပုံများအား နောက်ပိုင်းပို့စ်များတွင် ဆက်လက်ကြည့်ရှူ့ကြပါကုန် ]

[ ကိုကြီးချိုရေ ... ဒါကတော့ ညီလေးရဲ့ ဓာတ်တော်ချိုင့်သွား မှတ်တမ်းလေးပါ။ ကိုကြီးချိုလည်း မေမြို့ကိုသွားမယ်ဆိုရင် ၀င်ဖြစ်အောင် ၀င်လိုက်ပါဦးနော် ... အစ်ကိုပြောတဲ့ ပန်းရိုးမ Calendar မှာပါတဲ့ ဓာတ်တော်ချိုင့်ရေတံခွန်ပုံကတော့ တော်တော်လှပါတယ် ... ညီလေးလဲ မြင်ဘူးတယ် ]

[ မေမြို့၊ တောင်ကြီး၊ ကလော စတဲ့ တောင်ပေါ်မြို့တွေကို ရောက်ပြီဆိုရင် စိတ်တွင်းမှာရှိတဲ့ ခံစားမှု ပုံစံတစ်မျိုးပြောင်းလဲသွားတယ်။ ဘယ်လိုခံစားမှုမျိုးလဲ ဆိုတာ့တော့ ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ် ]

မေမြို့နဲ့ပက်သက်လာရင် ဒီသီချင်းလေးကလည်း မပါမဖြစ်ပါပဲ။ မောင်တို့ချယ်ရီမြေ

Comments

  1. ၁၉၉၃-၁၉၉၄ မန္တလေးမှာ နေတုန်းက မေမြို့ခဏခဏရောက်တယ်။ ဖေဖေက ဓါတ်တော်ချိုင့်ကို လိုက်မပို့ပေးဘူး။ လမ်းကြမ်းတယ် .. ဘာဖြစ်တယ်ဆိုပြီး။ အဲဒီမှာ ရေအားလျှပ်စစ်ထုတ်လို့ ရတယ်ကြားဖူးတယ်။ အဲဒါ ဟုတ်မဟုတ် ချမ်းမြစိုး သိလား။

    ReplyDelete
  2. ထမင်းဆီဆမ်းတောင်စားချင်လာပြီ

    ReplyDelete
  3. အစ်ကိုရေ... ဓာတ်တော်ချိုင့်ကတော့ မမေရဲ့ အဖေ ပြောသလိုပဲ... လမ်းကြမ်းတယ် ဘာညာ ကြားဖူးတယ်။ အဲ့တာထက် ကျွန်တော် ပိုစိတ်ဝင်စားတာက မေမြို့ပါ။ လောကမှာ ကျွန်တော်အချစ်ဆုံး မြို့လေးပါ။ သိပ်ပြီး ခေတ်နော်ကမကျတော့ပေမဲ့ လူနေမှုစနစ်လေးက ငြိမ်းချမ်းလွန်းနေသေးတယ်။ ကျွန်တော်သာ ရွေးချယ်ခွင့်ရမယ်ဆို မေမြို့မှာပဲ ကျွန်တော့်ဘ၀ရဲ့ နောက်ဆုံးနှစ်တွေကို ကုန်လွန်ချင်တယ်။

    ReplyDelete
  4. မမေ - ကျွန်တော်လည်း ရေအားလျှပ်စစ်ထုတ်မယ်လို့တော့ ကြားပဲကြားဖူးတာ .. ထုတ်နေတယ်ဆိုတာတော့ အခုထိမတွေ့သေးဖူးဗျ

    ကိုသန့်ဇင် - ဓာတ်တော်ချိုင့်သွားရတဲ့လမ်းက အခုနောက်ပိုင်း သိပ်တော့အကြမ်းကြီး မဟုတ်တော့ပါဘူး။ ဒါပေမဲ့ သွားကြည့်စေချင်တယ်ဗျာ အရမ်းသာယာတဲ့နေရာလေးပါ။ သူငယ်ချင်းတွေနဲ့ သွားမယ်ဆိုရင် သိပ်ပြီး ပျော်ဖို့ကောင်းတယ်။
    နောက်ပြီး ကိုသန့်ဇင်ပြောသလိုပါပဲ ကျွန်တော်လည်း နောက်ပိုင်း အေးအေးဆေးဆေးဖြစ်သွားရင် မေမြို့ ဒါမှမဟုတ် တောင်ကြီးလို သာယာတဲ့ တောင်ပေါ်မြို့လေးမှာပဲ နေသွားချင်တယ်ဗျာ။ မြို့ပြကတော့ သိတဲ့အတိုင်းပဲ။ ကျွန်တော့်အတွက်တော့ အရမ်းကို မွန်းကြပ်လွန်းတယ်။

    ReplyDelete
  5. မေမြိုးပဲေ၇ာက်ဖူးတယ် ငါးတန်းတုန်းက ရယ် သူငယ်တန်းတုန်းက ရယ် ဓာတ်တော်ချိုင့်မရောက် ဖူးဘူး ..
    တောင်ကြီး ကိုသွားလည်ဦး အရမ်းပျော်ဖို့ကောင်းတာ .. မေမြို့နဲ့ တောင်ကြီး မတူဘူး ... တစ်မျိုးစီလှတာပေါ့ .. ဒါနဲ့ စီအမ်အက် က အ၀ါနဲ့ လား

    ReplyDelete
  6. အ၀ါနဲ့သူရဲ့ ဘေးကဗျ

    ReplyDelete
  7. Anonymous1:32 pm

    hey i just want to tell you something, i think they are not expensive as in here(sydeny or other country). So i want to give more but i don't want to give in here.

    ReplyDelete
  8. www.royalmyanmar.blogspot.com also have post about this waterfall

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။