Skip to main content

မြန်မာတူး ယူနီကုဒ်

မြန်မာဝမ်း ပြီးတော့ မြန်မာတူး ထွက်လာပါပြီ။ NLP National Language Programmes မှ ပြုလုပ်ပြီး Version က 4.1 ဖြစ်ပါတယ်။ www.mcf.org.mm တွင် စတင်လွှင့်တင်ထားပြီဖြစ်တဲ့အတွက် အသုံးပြုလိုသူများ သွားရောက် ယူငင်အသုံးပြုနိုင်ကြပါပြီ။ အရင် version ဖြစ်တဲ့ မြန်မာဝမ်း က ယူနီကုဒ်စံချိန်စံညွှန်းများကို အပြည့်အ၀လိုက်နာ ထားတယ်လို့သိရပါတယ်။ [ စံချိန်စံညွှန်းများကို အပြည့်အ၀လိုက်နာတာတဲ့ ... ဘာတွေလဲ မသိဘူး ... ပြီးမှ ရှာပြီးဖတ်ကြည့်ရဦးမယ်]

ဝန်ကြီးဌာနများ အားလုံးတွင် မြန်မာဝမ်းကို အသုံးပြုလာခဲ့ကြရာ သုံးစွဲရာတွင် အခက်အခဲအချို့ ရှိနေသော်လည်း ယူနီကုဒ်စနစ်ကို အပြည့်အ၀လိုက်နာသော စနစ်တစ်ခုအဖြစ် အားထားအသုံးပြုနေရကြောင်း သိရှိရသည်။ [ဇော်ဂျီကို မေ့နေကြတာလား ... ဟင်]

မြန်မာအိုင်တီပညာရှင်များမှ ယူနီကုဒ်စံညွှန်းများကို တစ်စိတ်တပိုင်းလိုက်နာသော font စနစ်များကိုလည်း မိမိအစီအစဉ်ဖြင့် မိမိထုတ်လုပ်လာကြရာ ယူနီကုဒ်စံညွှန်းပြည့်မီမှု ရှိမရှိနှင့်ပက်သက်ပြီး ပညာရှင်အချင်းချင်း အငြင်းအခုံ ဖြစ်ပွားမှုများရှိခဲ့ကြောင်း အင်တာနက် စာမျက်နှာများပေါ်တွင် ဖော်ပြချက်များအရ တွေ့ရှိရသည်။
[ဘာတွေလဲ ... တစ်စိတ်တပိုင်းတွေရော အပြည့်အ၀တွေရော ရှုပ်နေတာပဲ ... ဒါမျိုးကိစ္စတွေ လောကကြီးမှာ တကယ်ရှိတယ်ပေါ့ ... (တရုတ်ကားတွေထဲကအတိုင်း ပြောကြည့်တာ) ... တကယ်တော့ font လောက ကလည်း သိုင်းလောကထက်တောင် ရှုပ်လာသလိုပဲ ... ဟီးဟီး]

လက်ရှိယူနီကုဒ်စံ၏ စည်းကမ်းများအရ မြန်မာစာစာလုံးအချို့ကို ရိုက်နှိပ်သိမ်းဆည်းရန် မဖြစ်နိုင်သေးကြောင်း၊ [အဲဒါတော့ လက်မခံဘူး ... Notepad မှာ ယူနီကုဒ်နဲ့စာရိုက် ... ပြီးရင် သိမ်းတဲ့အခါကျတော့ Encoding မှာ UTF-8 ကို ရွေးပြီးသိမ်းရင် ရမှရ .. ဘယ်နှစ်ဖိုင် သိမ်းချင်လဲ ... ပြော]

လက်ရှိအနေအထားအရ မြန်မာဝမ်းသည်သာ ယူနီကုဒ်စည်းကမ်းနှင့် အကိုက်ညီဆုံး ပြုလုပ် ထားသောစနစ်ဖြစ်ကာ ပြီးပြည့်စုံသော Unicode-complaint စနစ်တစ်ခုထွက်ပေါ်ရန်ကိုမူ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း အိုင်တီပညာရှင် အသိုင်းအ၀ိုင်းများမှ သိရှိရပါသည်။ [မြန်မာ ဘလော့တွေလာကြည့်စမ်းပါ ... ဇော်ဂျီမှ .. ဇော်ဂျီ .. ကျန်တဲ့ဖေါင့်တွေ ရှိတယ်လို့တောင် မထင်ဘူး]

Reference: First-11

Comments

  1. Anonymous2:27 am

    Whatever people talked about Myanmar fonts .. A set of Win Fonts is still using for commercials.

    Win Innwa
    Win Mandalay
    Win Yangon ..
    Win ..
    Win ..
    Win ..

    so .. what should we do? ..

    I can't wait for next new Myanmar Typing Tutor Version 6 if they are still arguing for Uni Font Systems .. better should do Multiple Systems! so .. they can type (use) what they want? (or) MountMandalay needs to make its own Myanamr UniCode?

    MYO HAN HTUN
    David Ba Con English Myanmar Typing Tutor
    MountMandalay Solution Services
    www.mountmandalay.com

    ReplyDelete
  2. Anonymous2:52 am

    ဖိုးချမ်းရေ...
    ဇော်ဂျီက ယူနီကုတ်တော့ ယူနီကုတ်ပဲ... တင်းပြည့် ကျပ်ပြည့် ယူနီကုတ်တော့ မဟုတ်သေးဘူးဟ... ထွက်သမျှ ယူနီကုတ်တွေထဲမှာ တော့ အဆင်အပြေဆုံး ယူနီကုတ်ပဲ...
    မြန်မာဝမ်းကတော့ ယူနီကုတ် စည်းမျဉ်းစည်းကမ်းတွေနဲ့ အတူနိုင်ဆုံးဖြစ်အောင် လုပ်ထားတယ် ပြောတာပဲ... ဒါပေမယ့် ရိုက်ရတာ စိတ်ညစ်ဖို့ကောင်းတယ်...

    ReplyDelete
  3. Ko MHT, I believe that you can make it. :)

    ကိုတုံရေ ... မြန်မာဝမ်း ကောင်းမကောင်း မြန်မာဝီကီကိုပဲ ကြည့်ရင် သိသာပါတယ်ဗျာ .. ဟုတ်ဘူးလား :)

    ReplyDelete
  4. Anonymous2:06 pm

    တစ်စိတ် နဲ့ တစ်ပိုင်း အမြည်းကတော့ ရှပ်ဘဲတွေ အရက်ဆိုင်မှာ သုံးတဲ့စကား၊ အင်တာနက်ပေါ် ရောက်လာတာလား။ နောက်တာပါဗျာ။ အစ်ကို တစ်စိတ် တစ်ပိုင်း ဆွဲဦးမလား။

    ReplyDelete
  5. တစ်စိတ်တစ်ပိုင်းမကြိုက်ဘူး တစ်ဂျားပဲ ကြိုက်တယ် ဟားဟား

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။