Skip to main content

ဘလော့ လောက ... ဘလော့ လောက

သြော် ... Blog လောက နဲ့ Font လောက က သိုင်းလောကထက်ကို ရှုပ်နေပါလား။ ဟားဟား ... Blog လောကမှာဆိုရင် Template လေးတွေရွေးရ၊ Color လေးတွေရွေးရ၊ ပြီးတော့ ဘန်နာလေးတွေလုပ်ရနဲ့ တော်တော်တော့ အလုပ်ရှုပ်တယ်။ ဒီကြားထဲ Cbox တို့ ShoutBox တို့မှာလည်း သွားသွားအော်ရသေးတယ်။ ဟဲဟဲ ... လာသွားတယ်ပေါ့ ... ဘာဖြစ်တယ် .. ညာဖြစ်တယ်ပေါ့ဗျာ။ အဲဒီလုပ်တဲ့ထဲမှာ ကျွန်တော်လည်း ပါတယ်ဗျ။ တရုတ်ကားထဲကလို Blogger ဂိုဏ်းတွေလည်း ဖွဲ့ထားရသေးတယ် ဟားဟား။ ထင်မြင်ချက်အဖြစ်နဲ့ Comment လေးတွေလည်းပေးရသေးတယ် ဟီးဟီး။ ဘာပဲဖြစ်ဖြစ်ဗျာ ကျွန်တော့် အနေနဲ့တော့ အရမ်းပျော်တယ်။ ရေးရတာကိုရော လျောက်လည်ရတာကိုရော။

Comments

  1. ဘာဂိုဏ်းတွေလဲဗျ။ ဟဲ ဟဲ .... ကျနော်ကတော့ကြားနေပဲ။ မြန်မာ ဘလော့ဂ်လောကစမယ်မှမကျန်သေးဘူး။ ဂလိုတွေဖြစ်ကုန်တာ မကောင်းပါဘူး။ ကျနော်လည်း ပျော်ပျော်ပါပဲဗျာ။ comment တွေတော့လိုက်ရေးဖြစ်နေတယ်။

    ReplyDelete
  2. yeah, that's the whole point of having blog community.Visit your friends whenever u can, just drop a line to say hi at shout box. every little things has it reason, some people just don't get it :)

    Nice blog and keep it up cms. btw. black is classic u know :P

    ReplyDelete
  3. ကိုဝေဖြိုးရေ .. အဲဒါတော့ အစ်ကိုနဲ့ ကျွန်တော်နဲ့တူသွားပြီဗျ .. ဟဲဟဲ .. ပျော်ပျော်ပဲနေတာကောင်းပါတယ်ဗျာ။ စိတ်ချမ်းသာတယ်လေ။ ဟုတ်ဘူးလား။

    ရှင်မင်းရေ .. အနက်ရောင်နဲ့ ပက်သက်လို့ကတော့ဗျာ ... Blog မှာ အနက်ရောင်ကိုသုံးဖို့ မှတ်ပုံတင်ထားသူ မရှိမချင်း ကျွန်တော်ကတော့ သုံးနေမှာပါ :)

    ReplyDelete
  4. Anonymous4:46 am

    ကျွန်တော်လဲ အနက်ရောင် ဂိုဏ်းသားဘဲ ခင်ဗျ။ စီဘောက်စ်တော့ မသုံးမိဘူး။ အဟဲ။ Gabbly Chat သုံးချင်ရင် ဘယ်မှာ လျှောက်လွှာတင်ရမလဲ ခင်ဗျ။

    ReplyDelete
  5. GabblyChat သုံးချင်ရင်တော့ Gabbly.com ကိုကြွပါခင်ဗျ ဟဲဟဲ

    ReplyDelete
  6. Anonymous4:53 pm

    သမီးကတော့ ကောင်းကင်က ကြယ်တွေလတွေ ထွန်းလင်းနေတဲ့ ဂိုဏ်းနော် ဦးလေးချမ်းမြစိုး ဟိဟိဟိ နောက်တာအကို…

    ReplyDelete
  7. Anonymous12:10 am

    အော် နယ်သား ကြီးကြည့်ရတာ "လောက" ခရေဇီ နဲ့တူတယ်...ဘာတွေလည်းမသိဘူး ရှုပ်နေတာပဲ ဘလော့လောက တွေရော၊သိုင်းလောက တွေရော၊ဖောင့်လောက တွေရော...လောကကြီး မှာဒါမျိုးတွေ လည်းရှိသေး သကိုး.. အာစိရေ နော့်

    ReplyDelete
  8. နယ်သားလေးရေ အဲဒီလောက်သွားကျတာပေါ့ကွာ ... ဟားဟား ဒါပေမဲ့ တစ်ခုရှိတာက အာစိ ဆိုတာကြီးတော့ မခေါ်ပါနဲ့ကွာ ပြီးတော့လည်း စာလုံးပေါင်းရင်ကြည့်ပေါင်းဦး "အ" ကို ရိုက်ပြီးရင် m ကိုနှိပ်ဖို့မမေ့နဲ့နော် မဟုတ်ရင် ... မကောင်းဘူး :)

    ReplyDelete
  9. PUNK ဘလော်ဂါ ဂိုဏ်းကို ဘယ်သူဝင်ချင်သလဲဗျ ဟင်...

    ReplyDelete
  10. ဟာ . ပြောပါအုံး .. နဲနဲစိတ်ဝင်စားတယ် :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။