Skip to main content

Welcome Week

အခုတလော ကျောင်းမှာ ပျားပန်းခတ်မျှ စည်းကားနေတယ်။ အဖြူတွေရော အမဲတွေရော အဖြူတစ်ဝက် အမဲတစ်ဝက်တွေရော မဖြူ့တဖြူ မမဲတမဲတွေရော ဟာ ဘာတွေမှန်းကို မသိဘူး။ စုံနေတာပဲ။ ဒါပေမဲ့ အများဆုံးကတော့ အမဲ။ ကြာရင်လည်း ကုလားမြို့တော် ဖြစ်တော့မှာပါ။ ပြီးတော့ ရောတောရှိ (ဂျပန်) တွေလည်း များပါ့။ ကြာရင် ဂျပန်စကားပြောနိုင်တော့မယ် ထင်တာပဲ :) အရင်တုန်းကတော့ သူငယ်ချင်းတွေနဲ့ ဂျပန်စကားလိုလို ဘာလိုလို စကားတွေကို ရှောက်ပြောကြတယ် အချင်းချင်းနှုတ်ဆက်ကြရင် အူရှီးတို့ပါတို့ပေါ့ :) နှုတ်ဆက်ခံရတဲ့ လူကတော့ပြန်ပြောတယ် ချူရှီး :) ဒါတွေက သူငယ်ချင်းတွေနဲ့ အမြဲနောက်ပြောင်ရင်း ပြောတတ်တဲ့စကားတွေ :) ဂျပန်နဲ့ ဆက်စပ်မိပြီး သတိရသွားတာ။ ဆိုင်တော့ သိပ်မဆိုင်ဘူး။

ကျောင်းသားကဒ် ပြဿနာတက်တာလည်း ဒီနေ့မှ ပြီးသွားတယ်ဗျား။ ပိုက်ဆံသွင်းပြီးတာကို ကျောင်းသားကဒ်က Building Access လုပ်လို့မရဘူး။ Facilities တွေကတော့ သုံးလို့ရတယ်။ အဲဒါနဲ့ TowerBuilding က Main Admin ကိုသွားမေးတယ်။ မောင် Admin များက ပြန်ပြီးလမ်းညွှန်ပြန်ရော။ Undergraduate Center ကိုပြန်ကြွပါတဲ့။ အဲဒီကိုလည်း ကြွသွားရော ထောက်လှမ်းရေးနဲ့တွေ့တော့တာပဲ။ ဟိုဟာပြ ဒီဟာပြနဲ့။ Program တွေထဲမှာ ရှိမရှိ ပိုက်ဆံသွင်းမသွင်း ပြန်စစ်နေရော။ သူနဲ့ပြီးမလားမှတ်တယ်။ ပိုဆိုးသွားတယ်။ ပြဿနာက Enrollment မလုပ်ခဲ့လို့တဲ့။ ဒါနဲ့ Stapleton House ကိုသွားပြီး Enroll ပြန်လုပ်။ ပြီးမှ ID Card section ကိုရောက်သွားတယ်။ အဲဒီကျမှ ကျေးဇူးရှင်များက Active ဖြစ်အောင် ပြန်လုပ်ပေးလိုက်တယ်။ မဟုတ်ရင် Building ထဲကိုဝင်ဖို့ Security တွေကိုပဲ ပြောပြောနေရတယ်။ ဒါတောင် သိပ်မကြည်ချင်ဘူး။ လူပဲ ဗုံးခွဲမဲ့သူလိုလို ဘာလိုလိုနဲ့။ အတော်ပလီတဲ့ Security တွေ။ ပြီးတော့ ဒီနှစ်ရက်အတွင်း ပန်းကမ္ဘာကိုလည်း အလည်ရောက်ခဲ့သေးဗျား။ အသိအိမ်တစ်အိမ်မှာ အမဲသားစွတ်ပြုတ် သောက်လိုက်တာ လူလည်း အားရှိမလာပဲ ပန်းကမ္ဘာရောက်ပြီး အားပြတ်မလိုဖြစ်သွားတယ်။ အခုတော့ ဆေးသောက်လိုက်လို့ ပြန်ဂွတ်သွားပြီ။ တော်သေးတယ်။ ကျောင်းမှာတော့ အားလုံး တက်တက်ကြွကြွတွေ ဖြစ်နေကြတယ်။ အစမို့လို့နေမှာပါ။ စာမေးပွဲနီးမှ မျက်နှာလေးတွေ သေချာလိုက်ကြည့်အုံးမယ်။ နှစ်စတုန်းက တွေတဲ့မျက်နှာ နဲ့ တူသေးလားလို့ :) မနက်ဖြန်ကတော့ ၁ နာရီမှပဲသွားရမယ်။

ဒါနဲ့ စကားမစပ် မေးရဦးမယ် ... Computer Science နဲ့ Computing နဲ့ ဘယ်ဟာက ပိုပြီး ဂွတ်လဲ။ အကြံဥာဏ်လေးများ ရှိပါက Comment မှာ ရေးပေးပါလား။ သိုင်းကျူး :)

Comments

  1. Computer Scinece is common. If you are really good in Math and confident yourself, do it Computing.

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။